TikTok ကို အေမရိကန္မွာပိတ္ပင္မယ့္ ဥပေဒၾကမ္းကို ကန္လႊတ္ေတာ္အတည္ျပဳ

အေမရိကန္နိုင္ငံမွာ အလြန္လူႀကိဳက္မ်ားတဲ့ ဆိုရွယ္မီဒီယာ အက္ပလီေကးရွင္း TikTok အေနနဲ႔ မိခင္တ႐ုတ္ကုမၸဏီ ByteDance ကေန ခြဲထြက္ဖို႔ ဒါမွမဟုတ္ရင္ အေမရိကန္ေဈးကြက္ကေန ပိတ္ပင္ခံရမယ့္ ဥပေဒတစ္ရပ္ကို အေမရိကန္အထက္လႊတ္ေတာ္က အတည္ျပဳလိုက္ပါတယ္။
ဒီဥပေဒ က ယူကရိန္း၊ အစၥေရး နဲ႔ ထိုင္ဝမ္ကို စစ္ေရးအကူအညီေပးမယ့္ ကန္ေဒၚလာ ၉၅ ဘီလီယံ နိုင္ငံရပ္ျခားကူညီမႈ အစီအစဥ္ရဲ့တစ္စိတ္တစ္ပိုင္း ျဖစ္ကာ အခုဆိုရင္ လႊတ္ေတာ္ႏွစ္ရပ္စလုံးရဲ့ အတည္ျပဳခ်က္ ရရွိၿပီး ျဖစ္ကာ သမၼတ ဂ်ိဳးဘိုင္ဒန္လက္မွတ္ထိုးဖို႔ပဲ က်န္ပါေတာ့တယ္။
လူငယ္ေတြၾကားမွာ TikTok အက္ပလီေကးရွင္း လူႀကိဳက္မ်ားတာကို စိုးရိမ္ေၾကာင္း အေမရိကန္ နဲ႔ အေနာက္တိုင္းအရာရွိေတြ က ေျပာၾကားၾကကာ ေပက်င္းက ဒီ app ကတစ္ဆင့္ အခ်က္အလက္ေတြ စုေဆာင္းရယူကာ အသုံးျပဳသူေတြအေပၚ ေထာက္လွမ္းနိုင္လိမ့္မယ္လို႔ စြပ္စြဲေျပာၾကားၾကပါတယ္။ အေမရိကန္နိုင္ငံမွာတင္ TikTok အသုံးျပဳသူ သန္း ၁၇၀ ေလာက္ရွိပါတယ္။
ဒါ့အျပင္ TikTok က ေပက်င္းရဲ့ အမိန႔္ကိုနာခံၿပီး ဝါဒျဖန႔္ရာမွာလည္း ပူးေပါင္းေနေၾကာင္း ေဝဖန္သူေတြက ေျပာၾကားၾကပါတယ္။ တ႐ုတ္ နဲ႔ TikTok က ဒီလိုေျပာဆိုမႈေတြကို အခိုင္အမာျငင္းဆိုပါတယ္။
TikTok ကို အေမရိကန္မွာပိတ္ပင္မယ့္ ဥပေဒၾကမ္းကို အထက္လႊတ္ေတာ္ က ၇၉-၁၈ မဲ နဲ႔ အတည္ျပဳခဲ့ၿပီး ေအာက္လႊတ္ေတာ္ကလည္း လြန္ခဲ့တဲ့ သုံးရက္ က တစ္ခဲနက္ေထာက္ခံမဲ နဲ႔ အတည္ျပဳၿပီး ျဖစ္ပါတယ္။
ဒီ ဥပေဒကို လက္မွတ္ေရးထိုးအတည္ျပဳသြားမယ္လို႔ သမၼတဂ်ိဳးဘိုင္ဒန္ ကလည္း ေျပာၾကားထားၿပီး ျဖစ္ပါတယ္။
အေမရိကန္နိုင္ငံသား သန္း ၁၇၀ ရဲ့ လြတ္လပ္စြာေျပာဆိုပိုင္ခြင့္ကို ကန္လႊတ္ေတာ္အမတ္ေတြက နင္းေျခပစ္ဖို႔ ႀကိဳးစားတာဟာ အလြန္ပဲ ကံမေကာင္းလွေၾကာင္း TikTok က က ေအာက္လႊတ္ေတာ္မဲခြဲမႈ အၿပီးမွာ ေျပာၾကားပါတယ္။
ဥပေဒအရ ByteDance က TikTok ကို တစ္ႏွစ္အတြင္း ေရာင္းခ်တာ မလုပ္ခဲ့ဘူးဆိုရင္ အေမရိကန္နိုင္ငံက Apple နဲ႔ Google ရဲ့ app stores ေတြကေန ဖယ္ရွားခံရမွာျဖစ္ပါတယ္။
-Ref:AFP

=======

TikTok ကို အမေရိကန်မှာပိတ်ပင်မယ့် ဥပဒေကြမ်းကို ကန်လွှတ်တော်အတည်ပြု

အမေရိကန်နိုင်ငံမှာ အလွန်လူကြိုက်များတဲ့ ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်း TikTok အနေနဲ့ မိခင်တရုတ်ကုမ္ပဏီ ByteDance ကနေ ခွဲထွက်ဖို့ ဒါမှမဟုတ်ရင် အမေရိကန်ဈေးကွက်ကနေ ပိတ်ပင်ခံရမယ့် ဥပဒေတစ်ရပ်ကို အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
ဒီဥပဒေ က ယူကရိန်း၊ အစ္စရေး နဲ့ ထိုင်ဝမ်ကို စစ်ရေးအကူအညီပေးမယ့် ကန်ဒေါ်လာ ၉၅ ဘီလီယံ နိုင်ငံရပ်ခြားကူညီမှု အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်ကာ အခုဆိုရင် လွှတ်တော်နှစ်ရပ်စလုံးရဲ့ အတည်ပြုချက် ရရှိပြီး ဖြစ်ကာ သမ္မတ ဂျိုးဘိုင်ဒန်လက်မှတ်ထိုးဖို့ပဲ ကျန်ပါတော့တယ်။
လူငယ်တွေကြားမှာ TikTok အက်ပလီကေးရှင်း လူကြိုက်များတာကို စိုးရိမ်ကြောင်း အမေရိကန် နဲ့ အနောက်တိုင်းအရာရှိတွေ က ပြောကြားကြကာ ပေကျင်းက ဒီ app ကတစ်ဆင့် အချက်အလက်တွေ စုဆောင်းရယူကာ အသုံးပြုသူတွေအပေါ် ထောက်လှမ်းနိုင်လိမ့်မယ်လို့ စွပ်စွဲပြောကြားကြပါတယ်။ အမေရိကန်နိုင်ငံမှာတင် TikTok အသုံးပြုသူ သန်း ၁၇၀ လောက်ရှိပါတယ်။
ဒါ့အပြင် TikTok က ပေကျင်းရဲ့ အမိန့်ကိုနာခံပြီး ဝါဒဖြန့်ရာမှာလည်း ပူးပေါင်းနေကြောင်း ဝေဖန်သူတွေက ပြောကြားကြပါတယ်။ တရုတ် နဲ့ TikTok က ဒီလိုပြောဆိုမှုတွေကို အခိုင်အမာငြင်းဆိုပါတယ်။
TikTok ကို အမေရိကန်မှာပိတ်ပင်မယ့် ဥပဒေကြမ်းကို အထက်လွှတ်တော် က ၇၉-၁၈ မဲ နဲ့ အတည်ပြုခဲ့ပြီး အောက်လွှတ်တော်ကလည်း လွန်ခဲ့တဲ့ သုံးရက် က တစ်ခဲနက်ထောက်ခံမဲ နဲ့ အတည်ပြုပြီး ဖြစ်ပါတယ်။
ဒီ ဥပဒေကို လက်မှတ်ရေးထိုးအတည်ပြုသွားမယ်လို့ သမ္မတဂျိုးဘိုင်ဒန် ကလည်း ပြောကြားထားပြီး ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသား သန်း ၁၇၀ ရဲ့ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို ကန်လွှတ်တော်အမတ်တွေက နင်းခြေပစ်ဖို့ ကြိုးစားတာဟာ အလွန်ပဲ ကံမကောင်းလှကြောင်း TikTok က က အောက်လွှတ်တော်မဲခွဲမှု အပြီးမှာ ပြောကြားပါတယ်။
ဥပဒေအရ ByteDance က TikTok ကို တစ်နှစ်အတွင်း ရောင်းချတာ မလုပ်ခဲ့ဘူးဆိုရင် အမေရိကန်နိုင်ငံက Apple နဲ့ Google ရဲ့ app stores တွေကနေ ဖယ်ရှားခံရမှာဖြစ်ပါတယ်။
-Ref:AFP