ကိုဗင္ထရီကို ပင္နယ္တီနဲ႔အနိုင္ယူၿပီး FAဖလားဗိုလ္လုပြဲတက္သြားတဲ့ မန္ယူ

ဧၿပီ ၂၂

မေန႔က FAဖလားဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ မန္ယူအသင္းနဲ႔ ကိုဗင္ထရီအသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့ရာတြင္ မန္ယူအသင္းက ခ်န္ပီယံရွစ္ကလပ္ ကိုဗင္ထရီအသင္းကို ၃ ဂိုး ဂိုးမရွိနဲ႔ ဦးေဆာင္နိုင္ခဲ့ေပမဲ့ ပြဲခ်ိန္မိနစ္ ၇၀ ေနာက္ပိုင္းမွာ ၃ ဂိုးဆက္တိုက္ ျပန္ေပးခဲ့ရၿပီး အခ်ိန္ပို ပင္နယ္တီအထိ ဆက္လက္ကစားခဲ့ရပါတယ္။

ပင္နယ္တီ အဆုံးအျဖတ္မွာ ကက္စမဲရိုးရဲ့ကန္ခ်က္ကို ကိုဗင္ထရီ ဂိုးသမား ကာကြယ္နိုင္ခဲ့ေပမဲ့ အိုဟားရားရဲ့ကန္ခ်က္ကို အိုနာနာ ကာကြယ္ၿပီး ဘီရွက္ရဲ့ကန္ခ်က္ ဘားေက်ာ္သြားခဲ့လို႔ မန္ယူ ဗိုလ္လုပြဲသို႔ တက္ေရာက္ခဲ့ပါတယ္။

မန္ယူအသင္းဟာ FAဖလားဗိုလ္လုပြဲကို ေမလ ၂၅ ရက္တြင္ အခါးသီးဆုံး ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းႏွင့္ ယွဥ္ၿပိဳင္ကစားမည္ျဖစ္ပါတယ္။

========

ကိုဗင်ထရီကို ပင်နယ်တီနဲ့အနိုင်ယူပြီး FAဖလားဗိုလ်လုပွဲတက်သွားတဲ့ မန်ယူ

ဧပြီ ၂၂

မနေ့က FAဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မန်ယူအသင်းနဲ့ ကိုဗင်ထရီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင် မန်ယူအသင်းက ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ပွဲချိန်မိနစ် ၇၀ နောက်ပိုင်းမှာ ၃ ဂိုးဆက်တိုက် ပြန်ပေးခဲ့ရပြီး အချိန်ပို ပင်နယ်တီအထိ ဆက်လက်ကစားခဲ့ရပါတယ်။

ပင်နယ်တီ အဆုံးအဖြတ်မှာ ကက်စမဲရိုးရဲ့ကန်ချက်ကို ကိုဗင်ထရီ ဂိုးသမား ကာကွယ်နိုင်ခဲ့ပေမဲ့ အိုဟားရားရဲ့ကန်ချက်ကို အိုနာနာ ကာကွယ်ပြီး ဘီရှက်ရဲ့ကန်ချက် ဘားကျော်သွားခဲ့လို့ မန်ယူ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပါတယ်။

မန်ယူအသင်းဟာ FAဖလားဗိုလ်လုပွဲကို မေလ ၂၅ ရက်တွင် အခါးသီးဆုံး မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပါတယ်။