ယခုရက္သတၱပတ္အတြင္း ျပည္နယ္ႏွင့္တိုင္းေဒသႀကီးအခ်ိဳ႕အပူခ်ိန္ပိုလာနိုင္ဟုဆို

ယခုရက္သတၱပတ္အတြင္း ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးအခ်ိဳ႕၌ အပူခ်ိန္ပိုလာနိုင္ေၾကာင္း ျပင္ပမိုးေလဝသပညာရွင္ ဦးဝင္းနိုင္က ခန႔္မွန္းထားသည္။
မေကြးတိုင္း၊ ေနျပည္ေတာ္၊ မႏၲေလးတိုင္း၊ စစ္ကိုင္းတိုင္းေအာက္ပိုင္း၊ ရွမ္းျပည္နယ္၊ ကယားျပည္နယ္ႏွင့္ တနသၤာရီတိုင္း စသည့္ေဒသမ်ားတြင္ အပူခ်ိန္ပိုမိုလာနိုင္ေခ် ၈၅ ရာ ခိုင္ႏႈန္းမွ ၉၅ ရာခိုင္ႏႈန္း အထိ ရွိေနၿပီး ပုံမွန္အားျဖင့္မိုးရြာသြန္းနိုင္ေခ် မရွိေသးေၾကာင္း သိရသည္။
က်န္ျပည္နယ္ ႏွင့္ တိုင္းေဒသႀကီးမ်ားတြင္ အပူခ်ိန္ျမင့္တက္နိုင္ေခ် ၄၀ ရာခိုင္ႏႈန္းမွ ၇၀ ရာခိုင္ႏႈန္း ခန႔္အထိရွိၿပီး ျပင္းထန္ေသာ ရာသီဥတုျဖစ္ေပၚနိုင္ေခ်မရွိနိုင္ေၾကာင္းလ ည္း ၎က အသိေပးသည္။
ယင္းအခ်က္အလက္မ်ားအရ အလယ္ပိုင္းမိုးနည္းေရရွားေဒသမ်ားအတြက္ အပူခ်ိန္ျမင့္တက္နိုင္ေခ်ပိုေနေၾကာင္း အသိေပးထားသည္။
ထို႔ျပင္ အေနာက္ေျမာက္ဘက္မွ ဝင္ေရာက္လာနိုင္မည့္ မိုးတိမ္မ်ားေၾကာင့္ ေလျပင္းတိုက္နိုင္ေခ်ႏွင့္ ေနရာကြက္ၿပီးမိုးရြာနိုင္မည့္ အေျခအေနမ်ား ျဖစ္ေပၚနိုင္ၿပီး ေရေခၽြတာသုံးစြဲၾကရန္ႏွင့္ အပူဒဏ္ကို သတိထားကာကြယ္ေနထိုင္ၾကရန္လည္း အသိေပးထားသည္။

=========

ယခုရက်သတ္တပတ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့အပူချိန်ပိုလာနိုင်ဟုဆို

ယခုရက်သတ္တပတ်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့၌ အပူချိန်ပိုလာနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားသည်။
မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်း စသည့်ဒေသများတွင် အပူချိန်ပိုမိုလာနိုင်ချေ ၈၅ ရာ ခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်း အထိ ရှိနေပြီး ပုံမှန်အားဖြင့်မိုးရွာသွန်းနိုင်ချေ မရှိသေးကြောင်း သိရသည်။
ကျန်ပြည်နယ် နှင့် တိုင်းဒေသကြီးများတွင် အပူချိန်မြင့်တက်နိုင်ချေ ၄၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း ခန့်အထိရှိပြီး ပြင်းထန်သော ရာသီဥတုဖြစ်ပေါ်နိုင်ချေမရှိနိုင်ကြောင်းလ ည်း ၎င်းက အသိပေးသည်။
ယင်းအချက်အလက်များအရ အလယ်ပိုင်းမိုးနည်းရေရှားဒေသများအတွက် အပူချိန်မြင့်တက်နိုင်ချေပိုနေကြောင်း အသိပေးထားသည်။
ထို့ပြင် အနောက်မြောက်ဘက်မှ ဝင်ရောက်လာနိုင်မည့် မိုးတိမ်များကြောင့် လေပြင်းတိုက်နိုင်ချေနှင့် နေရာကွက်ပြီးမိုးရွာနိုင်မည့် အခြေအနေများ ဖြစ်ပေါ်နိုင်ပြီး ရေချွေတာသုံးစွဲကြရန်နှင့် အပူဒဏ်ကို သတိထားကာကွယ်နေထိုင်ကြရန်လည်း အသိပေးထားသည်။