ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ျပည္ေထာင္စုနယ္ေၿမ ပါတီဝင္အသစ္ (၂၃၂၉)ဦး အဆိုျပဳလႊာစုေပါင္းေပးအပ္ပြဲသို႔ တက္ေရာက္

မတ္ ၁၄၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၂၀၂၄ ခုႏွစ္၊ မတ္လ ၁၄ ရက္ေန႔ နံနက္ ၀၉:၃၀ အခ်ိန္ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမ၌ က်င္းပျပဳလုပ္ေသာ ျပည္ေထာင္စုနယ္ေျမအတြင္းရွိ ၿမိဳ႕နယ္ (၈)ၿမိဳ႕နယ္မွ ပါတီဝင္အသစ္ (၂၃၂၉)ဦး၏ ပါတီဝင္အဆိုျပဳလႊာစုေပါင္းေပးအပ္ပြဲ အခမ္းအနားသို႔ တက္ေရာက္ခဲ့ပါသည္။
အစီအစဥ္အရ အခမ္းအနားကို တက္ေရာက္လာသူအားလုံးမွ နိုင္ငံေတာ္အလံအေလးျပဳ၍ နိုင္ငံေတာ္သီခ်င္းသီဆိုဖြင့္လွစ္ၿပီး ပါတီဥကၠ႒က အဖြင့္အမွာစကားေျပာၾကားရာ ” ယခုလို မိမိတို႔ ပါတီသို႔ ပါတီဝင္မ်ားအျဖစ္ ဝင္ေရာက္လာမႈအေပၚ မ်ားစြာဂုဏ္ယူပါေၾကာင္းႏွင့္ ေႏြးေထြးပ်ဴငွာစြာ ႀကိဳဆိုပါေၾကာင္း၊ မိမိတို႔ပါတီဟာ သမိုင္းလိုအပ္ခ်က္ နိုင္ငံေတာ္လိုအပ္ခ်က္အရ ျဖစ္တည္လာခဲ့သည့္ သမိုင္းေၾကာင္းေကာင္းသည့္ အသင္း/ပါတီႀကီးျဖစ္ေၾကာင္း၊ နိုင္ငံေရးသမားေကာင္းမွ တိုင္းျပည္ေကာင္းမည္ျဖစ္၍ မိမိတို႔ပါတီအေနျဖင့္ ပါတီဝင္နိုင္ငံေရးသမားေကာင္းမ်ားအား ေမြးထုတ္ေပးလ်က္ရွိေၾကာင္းႏွင့္ လက္ရွိမိမိဦးေဆာင္ေသာ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕အေနျဖင့္ ျပည္သူမ်ား၏ အနာဂတ္ဘဝမ်ား တိုးတက္ေစရန္ ေရတိုေရရွည္လုပ္ငန္းစီမံခ်က္မ်ား ခ်မွတ္ၿပီး ​ေဆာင္ရြက္လ်က္ရွိပါေၾကာင္း ” အက်ယ္တဝံ့ရွင္းလင္းေျပာၾကားခဲ့ပါသည္။
ဆက္လက္ၿပီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ အသင္းဘဝမွ လက္ရွိအခ်ိန္ထိ ေဆာင္ရြက္မႈ မွတ္တမ္း Video အားျပသခဲ့ပါသည္။ ၎ေနာက္ ျပည္ေထာင္စုနယ္ေျမပါတီ ​ေခတၱဥကၠ႒ ဦးလွေဆြမွ ပါတီဝင္အသစ္မ်ား စည္း႐ုံးရရွိခဲ့မႈအေျခအေနႏွင့္ ေဆာင္ရြက္မႈမ်ားအား တင္ျပခဲ့ၿပီး ပါတီဝင္အသစ္ (၂၃၂၉)ဦး၏ ပါတီဝင္အဆိုျပဳလႊာမ်ားအားေပးအပ္ရာ ပါတီဥကၠ႒ ဦးခင္ရီမွ လက္ခံခဲ့ပါသည္။
ထို႔ေနာက္ ပါတီဝင္အသစ္မ်ားထဲမွ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔က ပါတီသို႔ဝင္ေရာက္ရျခင္းအား ေျပာၾကားခဲ့ၿပီးပါတီဥကၠ႒က နိဂုံးခ်ဳပ္အမွာစကားေျပာၾကားရာ ” ပါတီဝင္တစ္ဦးထမ္းေဆာင္ရမည့္ တာဝန္ဝတၱရားမ်ားကိုလည္း အပ္ႏွင္းပါေၾကာင္း၊ ပါတီဝင္မ်ားျဖစ္ၾကၿပီျဖစ္သည္ႏွင့္အညီ ပါတီအေပၚကို သစၥာေစာင့္သိရမည္ျဖစ္ပါေၾကာင္း၊ မိမိတစ္ဦးတစ္ေယာက္မွသည္ ျပည္သူအမ်ားပါဝင္လာေအာင္ စည္း႐ုံးေဆာင္ရြက္နိုင္ေသာ စည္း႐ုံးေရးသမားေကဒါေကာင္းမ်ားျဖစ္ေအာင္ ႀကိဳးစားနိုင္ၾကပါေစေၾကာင္း” ေျပာၾကားခဲ့ၿပီး အခမ္းအနားကိုေႂကြးေၾကာ္သံမ်ားျဖင့္ ႐ုတ္သိမ္းကာ တက္ေရာက္လာသူမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္ခဲ့ပါသည္။
အဆိုပါ ပါတီဝင္အဆိုျပဳလႊာမ်ား စုေပါင္းေပးအပ္ပြဲအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးျမတ္ဟိန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ျပည္ေထာင္စုနယ္ေျမပါတီ ေခတၱဥကၠ႒ ဦးလွေဆြႏွင့္ ေကာ္မတီဝင္မ်ား၊ ခရိုင္ (၄)ခရိုင္ ၿမိဳ႕နယ္ (၈)ၿမိဳ႕နယ္တို႔မွ တာဝန္ရွိသူမ်ား၊ ပါတီဝင္အသစ္ (၂၃၂၉)ဦးတို႔ တက္ေရာက္ခဲ့ၾကပါသည္။

========

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပြည်ထောင်စုနယ်မြေ ပါတီဝင်အသစ် (၂၃၂၉)ဦး အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့ တက်ရောက်

မတ် ၁၄၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ နံနက် ၀၉:၃၀ အချိန် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ် (၈)မြို့နယ်မှ ပါတီဝင်အသစ် (၂၃၂၉)ဦး၏ ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အစီအစဥ်အရ အခမ်းအနားကို တက်ရောက်လာသူအားလုံးမှ နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး ပါတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ ” ယခုလို မိမိတို့ ပါတီသို့ ပါတီဝင်များအဖြစ် ဝင်ရောက်လာမှုအပေါ် များစွာဂုဏ်ယူပါကြောင်းနှင့် နွေးထွေးပျူငှာစွာ ကြိုဆိုပါကြောင်း၊ မိမိတို့ပါတီဟာ သမိုင်းလိုအပ်ချက် နိုင်ငံတော်လိုအပ်ချက်အရ ဖြစ်တည်လာခဲ့သည့် သမိုင်းကြောင်းကောင်းသည့် အသင်း/ပါတီကြီးဖြစ်ကြောင်း၊ နိုင်ငံရေးသမားကောင်းမှ တိုင်းပြည်ကောင်းမည်ဖြစ်၍ မိမိတို့ပါတီအနေဖြင့် ပါတီဝင်နိုင်ငံရေးသမားကောင်းများအား မွေးထုတ်ပေးလျက်ရှိကြောင်းနှင့် လက်ရှိမိမိဦးဆောင်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ပြည်သူများ၏ အနာဂတ်ဘဝများ တိုးတက်စေရန် ရေတိုရေရှည်လုပ်ငန်းစီမံချက်များ ချမှတ်ပြီး ​ဆောင်ရွက်လျက်ရှိပါကြောင်း ” အကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အသင်းဘဝမှ လက်ရှိအချိန်ထိ ဆောင်ရွက်မှု မှတ်တမ်း Video အားပြသခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုနယ်မြေပါတီ ​ခေတ္တဥက္ကဋ္ဌ ဦးလှဆွေမှ ပါတီဝင်အသစ်များ စည်းရုံးရရှိခဲ့မှုအခြေအနေနှင့် ဆောင်ရွက်မှုများအား တင်ပြခဲ့ပြီး ပါတီဝင်အသစ် (၂၃၂၉)ဦး၏ ပါတီဝင်အဆိုပြုလွှာများအားပေးအပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ လက်ခံခဲ့ပါသည်။
ထို့နောက် ပါတီဝင်အသစ်များထဲမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ပါတီသို့ဝင်ရောက်ရခြင်းအား ပြောကြားခဲ့ပြီးပါတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာ ” ပါတီဝင်တစ်ဦးထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကိုလည်း အပ်နှင်းပါကြောင်း၊ ပါတီဝင်များဖြစ်ကြပြီဖြစ်သည်နှင့်အညီ ပါတီအပေါ်ကို သစ္စာစောင့်သိရမည်ဖြစ်ပါကြောင်း၊ မိမိတစ်ဦးတစ်ယောက်မှသည် ပြည်သူအများပါဝင်လာအောင် စည်းရုံးဆောင်ရွက်နိုင်သော စည်းရုံးရေးသမားကေဒါကောင်းများဖြစ်အောင် ကြိုးစားနိုင်ကြပါစေကြောင်း” ပြောကြားခဲ့ပြီး အခမ်းအနားကိုကြွေးကြော်သံများဖြင့် ရုတ်သိမ်းကာ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပါသည်။
အဆိုပါ ပါတီဝင်အဆိုပြုလွှာများ စုပေါင်းပေးအပ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ပြည်ထောင်စုနယ်မြေပါတီ ခေတ္တဥက္ကဋ္ဌ ဦးလှဆွေနှင့် ကော်မတီဝင်များ၊ ခရိုင် (၄)ခရိုင် မြို့နယ် (၈)မြို့နယ်တို့မှ တာဝန်ရှိသူများ၊ ပါတီဝင်အသစ် (၂၃၂၉)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။