တင့္ကားမ်ားပါဝင္သည့္ စစ္ေရးၿပ ကို ကင္မ္ ဦးေဆာင္ျပဳလုပ္
ဆိုးလ္၊မတ္ ၁၄
ေတာင္ကိုရီးယားႏွင့္အေမရိကတို႔၏ စစ္ေရးေလ့က်င့္မႈအၿပီး၌ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္မ္သည္ တင့္ကားအသစ္ တစ္မ်ိဳး ပါဝင္သည့္ စစ္ေရးျပကို ဦးေဆာင္ျပဳလုပ္ျပသခဲ့ေၾကာင္း နိုင္ငံပိုင္မီဒီယာ KCNA က မတ္လ (၁၄)ရက္ေန႔တြင္ေဖာ္ျပခဲ့သည္။
ယခုျပသခဲ့ေသာ ပင္မတိုက္ပြဲဝင္တင့္ကားအမ်ိဳးအစားသစ္၏ ထူးျခားေသာစြမ္းအားကို ေအာင္ျမင္စြာျပသနိုင္ခဲ့သည့္အတြက္ အလြန္ေက်နပ္မိေၾကာင္း ကင္မ္က ေျပာၾကားခဲ့သည္။
ယခုေလ့က်င့္ေရးပြဲသည္ တင့္ကားအဖြဲ႕သားမ်ား၏ တိုက္ခိုက္ေရးစြမ္းရည္ကို စမ္းသပ္ စစ္ေဆးရန္ႏွင့္ မတူညီေသာနည္းဗ်ဴဟာမစ္ရွင္မ်ားတြင္ တိုက္ခိုက္ေရးလုပ္ေဆာင္မႈမ်ားႏွင့္ အကၽြမ္းတဝင္ရွိေစရန္ရည္ရြယ္ေၾကာင္း ကို လည္း၎ကဆိုခဲ့သည္။
ၾကာသပေတးေန႔ကၿပီးဆုံးသြားေသာ ေတာင္ကိုရီးယားႏွင့္အေမရိကတို႔ ပါဝင္သည့္ ပူးတြဲစစ္ေရးေလ့က်င့္မႈ ၿပီးဆုံးခ်ိန္၌ ျပဳံယမ္း၏ ယခုေလ့က်င့္ေရးတိုက္ပြဲ ျဖစ္ေပၚလာျခင္းျဖစ္သည္။
Freedom Shield စစ္ေရးေလ့က်င့္မႈဟု လူသိမ်ားေသာ အဆိုပါစစ္ေရးေလ့က်င့္မႈသည္ ၂၀၁၈ ကခ်ဳပ္ဆိုခဲ့ၿပီး နိုဝင္ဘာလက ျပဳံယမ္းဘက္မွ႐ုတ္သိမ္းခဲ့သည့္ ကိုရီးယားႏွစ္နိုင္ငံ စစ္ဘက္ဆိုင္ရာ သေဘာတူညီခ်က္အား ဖ်က္သိမ္းလိုက္ၿပီးေနာက္ ပထမဆုံး ျပဳလုပ္သည့္ စစ္ေရးေလ့က်င့္မႈလည္းျဖစ္သည္။
ေျမာက္ကိုရီးယားသည္ ေတာင္ကိုရီးယားႏွင့္အေမရိကတို႔၏ အဆိုပါစစ္ေရးေလ့က်င့္မႈမ်ားအား စစ္ႀကိဳအစမ္းေလ့က်င့္မႈအျဖစ္ ကာလရွည္ၾကာရႈံ႔ခ်ခဲ့ၿပီး ဆိုးလ္ကမူ အဆိုပါစစ္ေရးေလ့က်င့္မႈမ်ားကို ကာကြယ္ေရးသက္သက္အျဖစ္သာလုပ္ေဆာင္ျခင္းျဖစ္ေၾကာင္းဆိုခဲ့သည္။
Source : ရိုက္တာ
=========
တင့်ကားများပါဝင်သည့် စစ်ရေးပြ ကို ကင်မ် ဦးဆောင်ပြုလုပ်
ဆိုးလ်၊မတ် ၁၄
တောင်ကိုရီးယားနှင့်အမေရိကတို့၏ စစ်ရေးလေ့ကျင့်မှုအပြီး၌ မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်သည် တင့်ကားအသစ် တစ်မျိုး ပါဝင်သည့် စစ်ရေးပြကို ဦးဆောင်ပြုလုပ်ပြသခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က မတ်လ (၁၄)ရက်နေ့တွင်ဖော်ပြခဲ့သည်။
ယခုပြသခဲ့သော ပင်မတိုက်ပွဲဝင်တင့်ကားအမျိုးအစားသစ်၏ ထူးခြားသောစွမ်းအားကို အောင်မြင်စွာပြသနိုင်ခဲ့သည့်အတွက် အလွန်ကျေနပ်မိကြောင်း ကင်မ်က ပြောကြားခဲ့သည်။
ယခုလေ့ကျင့်ရေးပွဲသည် တင့်ကားအဖွဲ့သားများ၏ တိုက်ခိုက်ရေးစွမ်းရည်ကို စမ်းသပ် စစ်ဆေးရန်နှင့် မတူညီသောနည်းဗျူဟာမစ်ရှင်များတွင် တိုက်ခိုက်ရေးလုပ်ဆောင်မှုများနှင့် အကျွမ်းတဝင်ရှိစေရန်ရည်ရွယ်ကြောင်း ကို လည်း၎င်းကဆိုခဲ့သည်။
ကြာသပတေးနေ့ကပြီးဆုံးသွားသော တောင်ကိုရီးယားနှင့်အမေရိကတို့ ပါဝင်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြီးဆုံးချိန်၌ ပြုံယမ်း၏ ယခုလေ့ကျင့်ရေးတိုက်ပွဲ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
Freedom Shield စစ်ရေးလေ့ကျင့်မှုဟု လူသိများသော အဆိုပါစစ်ရေးလေ့ကျင့်မှုသည် ၂၀၁၈ ကချုပ်ဆိုခဲ့ပြီး နိုဝင်ဘာလက ပြုံယမ်းဘက်မှရုတ်သိမ်းခဲ့သည့် ကိုရီးယားနှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ သဘောတူညီချက်အား ဖျက်သိမ်းလိုက်ပြီးနောက် ပထမဆုံး ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုလည်းဖြစ်သည်။
မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့်အမေရိကတို့၏ အဆိုပါစစ်ရေးလေ့ကျင့်မှုများအား စစ်ကြိုအစမ်းလေ့ကျင့်မှုအဖြစ် ကာလရှည်ကြာရှုံ့ချခဲ့ပြီး ဆိုးလ်ကမူ အဆိုပါစစ်ရေးလေ့ကျင့်မှုများကို ကာကွယ်ရေးသက်သက်အဖြစ်သာလုပ်ဆောင်ခြင်းဖြစ်ကြောင်းဆိုခဲ့သည်။
Source : ရိုက်တာ