နိုင္ငံအတြင္းရွိ ေရွ႕ေျပးလူဦးေရစာရင္း ယခုႏွစ္ ဒီဇင္ဘာလအတြင္းမွာ ထုတ္ျပန္မည္ ျဖစ္ေၾကာင္းသိရ

မတ္ ၁၃

၂၀၂၄ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္တြင္ တစ္နိုင္ငံလုံးမွာေကာက္ယူမယ့္ လူဦးေရႏွင့္ အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္းအခ်က္အလက္မ်ားအနက္ ေရွ႕ေျပးလူဦးေရစာရင္းကို ၂၀၂၄ ခုႏွစ္၊ ဒီဇင္ဘာလအတြင္းမွာ ထုတ္ျပန္ သြားမွာျဖစ္ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ ျပည္သူ႔အင္အားဦးစီးဌာနကေန သိရပါတယ္။

အဆိုပါ ထုတ္ျပန္မယ့္ ေရွ႕ေျပးလူဦးေရစာရင္းတြင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အလိုက္ရွိ က်ား/မ လူဦးေရ၊ ၿမိဳျပ/ေက်းလက္လူဦးေရႏွင့္ အသက္အရြယ္အပိုင္းအျခားအလိုက္ လူဦးေရမ်ား ပါဝင္မွာ ျဖစ္ပါတယ္။

၂၀၂၄ ခုႏွစ္၊ ေအာက္တိုဘာ ၁ ရက္ လူဦးေရႏွင့္ အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္းတြင္ လူဦးေရ ဆိုင္ရာအခ်က္အလက္မ်ား၊ ျပည္တြင္း/ျပည္ပ ေရႊ႕ေျပာင္းသြားလာျခင္းမ်ား၊ ပညာေရး အေျခအေနမ်ား၊ နိုင္ငံတြင္းရွိ လုပ္သားအင္အား၊ ေမြးဖြားမႈႏႈန္း၊ ေသဆုံးမႈႏႈန္း၊ မသန္စြမ္းမႈ အေၾကာင္းအရာမ်ား၊ ေနအိမ္ပိုင္ဆိုင္မႈ အေၾကာင္းအရာမ်ား စတဲ့အခ်က္အလက္မ်ား ပါဝင္မည္ျဖစ္ကာ ၎အနက္မွ လာမည့္ဒီဇင္ဘာလတြင္ လူဦးေရစာရင္းကိုသာ ထုတ္ျပန္ရန္ စီစဥ္ေဆာင္ရြက္ေနတာျဖစ္ၿပီး က်န္အေၾကာင္းအရာမ်ားကိုေတာ့ လာမည့္ ၂၀၂၅ ခုႏွစ္ႏွင့္ ၂၀၂၆ ခုႏွစ္မ်ားအတြင္းမွာ အပိုင္းလိုက္ထုတ္ျပန္ေပးသြားမယ္လို႔ သိရပါတယ္။

ျမန္မာနိုင္ငံမွာ ျပည္လုံးကၽြတ္အဆင့္ သန္းေခါင္စာရင္းကို ၁၉၇၃ ခုႏွစ္နဲ႔ ၁၉၈၃ ခုႏွစ္ ေတြမွာ ေကာက္ယူ ခဲ့ၿပီးေနာက္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေနာင္ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာ ၂၀၁၄ ခုႏွစ္မွသာ ျပန္လည္ေကာက္ယူ နိုင္ခဲ့ရာမွ ေနာက္ထပ္ ၁၀ ႏွစ္အၾကာ ယခု ၂၀၂၄ ခုႏွစ္မွာ ထပ္မံေကာက္ယူသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

========

နိုင်ငံအတွင်းရှိ ရှေ့ပြေးလူဦးရေစာရင်း ယခုနှစ် ဒီဇင်ဘာလအတွင်းမှာ ထုတ်ပြန်မည် ဖြစ်ကြောင်းသိရ

မတ် ၁၃

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် တစ်နိုင်ငံလုံးမှာကောက်ယူမယ့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များအနက် ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ထုတ်ပြန် သွားမှာဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနကနေ သိရပါတယ်။

အဆိုပါ ထုတ်ပြန်မယ့် ရှေ့ပြေးလူဦးရေစာရင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ရှိ ကျား/မ လူဦးရေ၊ မြိုပြ/ကျေးလက်လူဦးရေနှင့် အသက်အရွယ်အပိုင်းအခြားအလိုက် လူဦးရေများ ပါဝင်မှာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် လူဦးရေ ဆိုင်ရာအချက်အလက်များ၊ ပြည်တွင်း/ပြည်ပ ရွှေ့ပြောင်းသွားလာခြင်းများ၊ ပညာရေး အခြေအနေများ၊ နိုင်ငံတွင်းရှိ လုပ်သားအင်အား၊ မွေးဖွားမှုနှုန်း၊ သေဆုံးမှုနှုန်း၊ မသန်စွမ်းမှု အကြောင်းအရာများ၊ နေအိမ်ပိုင်ဆိုင်မှု အကြောင်းအရာများ စတဲ့အချက်အလက်များ ပါဝင်မည်ဖြစ်ကာ ၎င်းအနက်မှ လာမည့်ဒီဇင်ဘာလတွင် လူဦးရေစာရင်းကိုသာ ထုတ်ပြန်ရန် စီစဉ်ဆောင်ရွက်နေတာဖြစ်ပြီး ကျန်အကြောင်းအရာများကိုတော့ လာမည့် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်များအတွင်းမှာ အပိုင်းလိုက်ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ် တွေမှာ ကောက်ယူ ခဲ့ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် နောင်နှစ်ပေါင်း ၃၀ ကျော်ကြာ ၂၀၁၄ ခုနှစ်မှသာ ပြန်လည်ကောက်ယူ နိုင်ခဲ့ရာမှ နောက်ထပ် ၁၀ နှစ်အကြာ ယခု ၂၀၂၄ ခုနှစ်မှာ ထပ်မံကောက်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။