၀င္ေငြအမ်ားဆုံးရ အားကစားသမားစာရင္းတြင္ စီေရာ္နယ္ဒို ထိပ္ဆုံးက ရပ္တည္

ေဖေဖာ္ဝါရီ ၉

၂၀၂၃ ခုႏွစ္၏ ဝင္ေငြအမ်ားဆုံးရရွိတဲ့ အားကစားသမားစာရင္းမွာ ေပၚတူဂီတိုက္စစ္မႉး စီေရာ္နယ္ဒိုက နံပါတ္တစ္ေနရာမွာရပ္တည္နိုင္ခဲ့ေၾကာင္း သိရပါတယ္။

အားကစားစီးပြားေရးဝက္ဘ္ဆိုက္ျဖစ္သည့္ Sportico က ၂၀၂၃ ခုႏွစ္အတြက္ ကမၻာ့ဝင္ေငြအေကာင္းဆုံး အားကစားသမား(၁၀၀) စာရင္းကို ထုတ္ျပန္ခဲ့ရာ စီေရာ္နယ္လ္ဒိုက ထိပ္ဆုံးတြင္ ရပ္တည္နိုင္ခဲ့ျခင္းျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒိုသည္ ေဆာ္ဒီကလပ္ အယ္လ္နာဆာအသင္းထံမွ တစ္ႏွစ္လစာ ေပါင္(၁၇၅)သန္းရရွိသည့္အျပင္ အျခားစပြန္ဆာစာခ်ဳပ္မ်ားမွလည္း ေပါင္သန္း(၄၀)ေက်ာ္ရရွိသည့္အတြက္ တစ္ႏွစ္ဝင္ေငြ ေပါင္(၂၁၈)သန္းျဖင့္ ထိပ္ဆုံးတြင္ ရပ္တည္နိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ဒုတိယေနရာတြင္ စပိန္ေဂါ့ဖ္ကစားသမား ဂၽြန္ရမ္းက ေပါင္(၁၆၁)သန္းျဖင့္ ရပ္တည္ခဲ့ၿပီး အင္တာမိုင္ယာမီအသင္းမွ အာဂ်င္တီးနားတိုက္စစ္မႉး မက္ဆီက ေပါင္(၁၀၃)သန္းျဖင့္ တတိယေနရာတြင္ ရပ္တည္ခဲ့ပါတယ္။

ထိပ္တန္း အားကစားသမား ၁၀ ဦးစာရင္းမွာ ေဘာလုံးသမား ၄ ဦးသာပါဝင္ၿပီး ပီအက္စ္ဂ်ီက အမ္ဘာေပက ကန္ေဒၚလာ ၁၂၅ သန္းနဲ႔ အဆင့္၅ ၊ အယ္ဟီလယ္က ေနမာက ကန္ေဒၚလာ ၁၂၁ သန္းနဲ႔ အဆင့္ ၆ ေနရာေတြမွာ အသီးသီး ရပ္တည္ေနပါတယ္။

ထိပ္ဆုံး ၁၀ ဦးစာရင္းမွာ လီဘရြန္ဂ်ိမ္းစ္အပါအဝင္ NBA ဘက္စကတ္ေဘာကစားသမား ၄ ဦးနဲ႔ အေမရိကန္ေဘာလုံး ကစားသမားတစ္ဦးတို႔ ပါဝင္ပါတယ္။

==========

၀င်ငွေအများဆုံးရ အားကစားသမားစာရင်းတွင် စီရော်နယ်ဒို ထိပ်ဆုံးက ရပ်တည်

ဖေဖော်ဝါရီ ၉

၂၀၂၃ ခုနှစ်၏ ဝင်ငွေအများဆုံးရရှိတဲ့ အားကစားသမားစာရင်းမှာ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက နံပါတ်တစ်နေရာမှာရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။

အားကစားစီးပွားရေးဝက်ဘ်ဆိုက်ဖြစ်သည့် Sportico က ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမား(၁၀၀) စာရင်းကို ထုတ်ပြန်ခဲ့ရာ စီရော်နယ်လ်ဒိုက ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုသည် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းထံမှ တစ်နှစ်လစာ ပေါင်(၁၇၅)သန်းရရှိသည့်အပြင် အခြားစပွန်ဆာစာချုပ်များမှလည်း ပေါင်သန်း(၄၀)ကျော်ရရှိသည့်အတွက် တစ်နှစ်ဝင်ငွေ ပေါင်(၂၁၈)သန်းဖြင့် ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒုတိယနေရာတွင် စပိန်ဂေါ့ဖ်ကစားသမား ဂျွန်ရမ်းက ပေါင်(၁၆၁)သန်းဖြင့် ရပ်တည်ခဲ့ပြီး အင်တာမိုင်ယာမီအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ပေါင်(၁၀၃)သန်းဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့ပါတယ်။

ထိပ်တန်း အားကစားသမား ၁၀ ဦးစာရင်းမှာ ဘောလုံးသမား ၄ ဦးသာပါဝင်ပြီး ပီအက်စ်ဂျီက အမ်ဘာပေက ကန်ဒေါ်လာ ၁၂၅ သန်းနဲ့ အဆင့်၅ ၊ အယ်ဟီလယ်က နေမာက ကန်ဒေါ်လာ ၁၂၁ သန်းနဲ့ အဆင့် ၆ နေရာတွေမှာ အသီးသီး ရပ်တည်နေပါတယ်။

ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ လီဘရွန်ဂျိမ်းစ်အပါအဝင် NBA ဘက်စကတ်ဘောကစားသမား ၄ ဦးနဲ့ အမေရိကန်ဘောလုံး ကစားသမားတစ်ဦးတို့ ပါဝင်ပါတယ်။