ဒဏ္ရာေၾကာင့္ အနည္းဆုံး(၈)ပတ္ခန႔္အနားယူရမယ့္ မာတီနက္ဇ္
ေဖေဖာ္ဝါရီ ၆
မန္ယူေနာက္ခံလူ မာတီနက္ဇ္ဟာ ဝက္စ္ဟမ္းကို (၃-ဝ)ဂိုးနဲ႔အနိုင္ရခဲ့တဲ့ပြဲအတြင္း ဒူးအရြတ္ေၾကာပ်က္စီးတဲ့ဒဏ္ရာရခဲ့တာေၾကာင့္ အနည္းဆုံး ၈ ပတ္ခန႔္နားရမယ္လို႔ မန္ယူအသင္းက အတည္ျပဳေၾကညာလိုက္ပါတယ္။
အသက္(၂၆)ႏွစ္ရွိ မာတီနက္ဇ္ဟာ ေျခဖဝါးဒဏ္ရာေၾကာင့္ (၃)လေက်ာ္ၾကာအနားယူခဲ့ရၿပီးေနာက္ သူ႔ရဲ့တတိယေျမာက္လိဂ္ပြဲမွာ ဒဏ္ရာရခဲ့တာပါ။ မာတီက္ဇ္ရဲ့ဒူးဒဏ္ရာကို ခြဲစိတ္ကုသမႈလုပ္ဖို႔ မလိုအပ္ေပမယ့္ ဧၿပီလအထိ အနားယူရဖို႔ရွိေနပါတယ္။
မက္တီနက္ဇ္ဟာ ၂၀၂၂ ဇူလိုင္မွာ မန္ယူကို ေရာက္လာခဲ့ၿပီးေနာက္ ၿပိဳင္ပြဲစုံ(၅၅)ပြဲကစားေပးထားပါတယ္။
မန္ယူအသင္းဟာ ဝက္စ္ဟမ္းအသင္းနဲ႔ပြဲစဥ္မွာ အနိုင္ရခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္အမွတ္ေပး ဇယားရဲ့ အဆင့္(၆)ေနရာကို တက္ေရာက္လာနိုင္ခဲ့ပါတယ္။
===========
ဒဏ်ရာကြောင့် အနည်းဆုံး(၈)ပတ်ခန့်အနားယူရမယ့် မာတီနက်ဇ်
ဖေဖော်ဝါရီ ၆
မန်ယူနောက်ခံလူ မာတီနက်ဇ်ဟာ ဝက်စ်ဟမ်းကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲအတွင်း ဒူးအရွတ်ကြောပျက်စီးတဲ့ဒဏ်ရာရခဲ့တာကြောင့် အနည်းဆုံး ၈ ပတ်ခန့်နားရမယ်လို့ မန်ယူအသင်းက အတည်ပြုကြေညာလိုက်ပါတယ်။
အသက်(၂၆)နှစ်ရှိ မာတီနက်ဇ်ဟာ ခြေဖဝါးဒဏ်ရာကြောင့် (၃)လကျော်ကြာအနားယူခဲ့ရပြီးနောက် သူ့ရဲ့တတိယမြောက်လိဂ်ပွဲမှာ ဒဏ်ရာရခဲ့တာပါ။ မာတီက်ဇ်ရဲ့ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုလုပ်ဖို့ မလိုအပ်ပေမယ့် ဧပြီလအထိ အနားယူရဖို့ရှိနေပါတယ်။
မက်တီနက်ဇ်ဟာ ၂၀၂၂ ဇူလိုင်မှာ မန်ယူကို ရောက်လာခဲ့ပြီးနောက် ပြိုင်ပွဲစုံ(၅၅)ပွဲကစားပေးထားပါတယ်။
မန်ယူအသင်းဟာ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေး ဇယားရဲ့ အဆင့်(၆)နေရာကို တက်ရောက်လာနိုင်ခဲ့ပါတယ်။