-===================
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ United Russia ပါတီမှ ကျင်းပသည့်ဆွေးနွေးပွဲသို့
Zoom Meeting ဖြင့် တက်ရောက်
ဇန်နဝါရီ ၂၃၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ United Russia ပါတီမှ “Role of the responsible political forces of Russia and ASEAN countries in shaping up a new just world order” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲအား ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက် ၁၄၃၀ နာရီချိန်တွင် Zoom Meetingဖြင့် တက်ရောက်ဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ United Russia ပါတီ ဥက္ကဋ္ဌ H.E.Mr. Dmitry Medvedev၊ လာအိုနိုင်ငံသမ္မတ H.E.Mr.Thongloun Sisoulith နှင့် ကမ္ဘောဒီးယားနိုင်ငံ ၀န်ကြီးချုပ်ဟောင်း Combodia People’s Party ဥက္ကဋ္ဌ H.E.Mr.Hun Sen၊ ထိုင်းနိုင်ငံမှ Pheu Thaiပါတီခေါင်းဆောင် H.E. Ms. Paethongtarn Shinawatra၊ မလေးရှားနိုင်ငံမှ United Malays National Organization ပါတီ အထွေထွေအတွင်းရေးမှူး H.E.Mr.Asyraf Wajdi Dusuki ၊ အင်ဒိုနီးရှားနိုင်ငံမှ Golkar Party ဒုတိယဥက္ကဋ္ဌ H.E. Mr. Dave Laksono၊ ဗီယက်နမ်ကွန်မြူနစ်ပါတီမှ နိုင်ငံတကာဆက်ဆံရေးဌာနမှူး Mr.Le Hoai Trung အပါအဝင် နိုင်ငံပေါင်း (၈)နိုင်ငံမှ ပါတီအကြီးအကဲ ကိုယ်စားလှယ်(၈)ဦး တက်ရောက်ခဲ့ပါသည်။