ဆရီနာဝီလီယံ ၀င်ဘယ်ဒန်ချန်ပီယံဆု ခုနစ်ကြိမ်မြောက် ဆွတ်ခူး၊ စတက်ဖီဂရပ်၏ စံချိန်လိုက်မီ
ကမ္ဘာ့အဆင့် (၁) တင်း နစ်မယ် ဆရီနာဝီလီယံသည် ဂျာ မနီမှ နိုင်ခြေအဆင့် (၄) အန်ဂျ လစ်ကာဗာကို အနိုင်ရပြီး ၎င်း၏ခုနစ်ကြိမ်မြောက် ၀င်ဘယ်ဒန် ဖလားနှင့် (၂၂) ကြိမ်မြောက် ဂရင်းဆလမ်ချန်ပီယံဆု ရယူသွား သည်။
အမေရိကန်သူ ဆရီနာ (၃၄)နှစ်သည် လေထန်သော ကွင်းတွင် အန်ဂျလစ်ကာဗာကို ၇-၅၊ ၆-၃ ဖြင့် အနိုင်ယူပြီး ဂျာမနီဂန္ထ ၀င်တင်းနစ်မယ် စတက်ဖီဂရပ် တင်ထားသော (၂၂) ကြိမ် ဂရင်း ဆလမ်ချန်ပီယံ စံချိန်ကို လိုက်မီသွားသည်။
ဇန်န၀ါရီက ကစားခဲ့သော သြစတြေးလျအိုးပင်းတွင် ကာဗာ က ၀ီလီယံကို အနိုင်ယူခဲ့သော်လည်း ၀င်ဘယ်ဒန် မြက်ခင်း၌မူ ၀ီလီယံ၏ တစ်ဟုန်ထိုးစပေးဘောများနှင့် တိကျသော ရိုက်ချက်များ ကို ကာဗာမယှဉ်နိုင်ခဲ့ပေ။
ပထမဆုံးဝင်ဘယ်ဒန် ဖလားရယူပြီး (၁၄) နှစ်အကြာ ခုနစ်ကြိမ်မြောက်ဖလားရယူရာတွင် ၀ီလီယံသည် ပြိုင်ပွဲ တစ်လျှောက်လုံး ပြိုင်ဘက်များကို ပွဲ ငယ်တစ်ပွဲမျှ မရှုံးဘဲ အနိုင်ရရှိခဲ့သည်။
ယခုတစ်ကြိမ်ဖလားရရှိ ခြင်းသည် စတက်ဖီဂရပ်၏ စံချိန်ကို လိုက်မီသွားကြောင်း မစဉ်းစားဘဲနေရန် ခက်ခဲသည်ဟု ၀ီလီယံက ၀န်ခံပြောကြားသည်။
—Ref:BBC