ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ စုံညီအစည္းအေဝး အမွတ္စဥ္ (၁/၂၀၂၄)ျပဳလုပ္

ဇန္နဝါရီ ၁၀၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ စုံညီအစည္းအေဝး အမွတ္စဥ္(၁/၂၀၂၄)ကို ၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလ (၉) ရက္ေန႔ႏွင့္ (၁၀) ရက္ေန႔တို႔တြင္ ပါတီဌာနခ်ဳပ္ အစည္းအေဝးခန္းမ(၁)၌ ျပဳလုပ္ခဲ့ရာ ပါတီဥကၠ႒ ဦးခင္ရီႏွင့္ ဒုတိယဥကၠ႒မ်ား၊ အေထြေထြအတြင္းေရးမႉး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး၊ ဗဟိုအတြင္းေရးမႉးမ်ားႏွင့္ ပါတီဗဟိုအလုပ္အမႈေဆာင္မ်ား၊ တိုင္းေဒသႀကီး/ျပည္နယ္ ပါတီဥကၠ႒မ်ား စုံညီစြာတက္ေရာက္ခဲ့ၾကပါသည္။
ပထမေန႔အစည္းအေဝးကို ဇန္နဝါရီလ (၉)ရက္ေန႔ နံနက္ (၀၉:၀၀)နာရီအခ်ိန္တြင္ ျပဳလုပ္ရာ အစီအစဥ္အရ ပါတီဥကၠ႒ ဦးခင္ရီက အဖြင့္အမွာစကား ေျပာၾကားခဲ့ပါသည္။ ထို႔ေနာက္ ၿပီးခဲ့သည့္ စုံညီအစည္းအေဝးဆုံးျဖတ္ခ်က္မ်ားအေပၚ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ၿပီးစီးမႈကို ဗဟိုအတြင္းေရးမႉး ဦးသန္းထြန္းက ဖတ္ၾကားခဲ့ပါသည္။ ဆက္လက္၍ တိုင္းေဒသႀကီး/ျပည္နယ္ ပါတီဥကၠ႒မ်ားက မိမိတို႔ တိုင္းေဒသႀကီး/ျပည္နယ္အလိုက္ လုပ္ငန္းေဆာင္ရြက္မႈ အေျခအေနမ်ားကို ရွင္းလင္းတင္ျပခဲ့ရာ လိုအပ္ခ်က္မ်ားကို ဥကၠ႒ ဦးခင္ရီက ေဆြးေႏြးမွာၾကားခဲ့ၿပီး ပထမေန႔အစည္းအေဝးကို ညေန(၁၇:၁၅)နာရီအခ်ိန္တြင္ ရပ္နားခဲ့ပါသည္။
ဒုတိယေန႔အစည္းအေဝးကို ဇန္နဝါရီလ (၁၀)ရက္ေန႔ နံနက္(၀၉:၀၀)နာရီအခ်ိန္တြင္ ဆက္လက္ျပဳလုပ္ရာ အစီအစဥ္အရ ပါတီလုပ္ငန္းစိစစ္ေရး၊ ပါတီစည္းကမ္းထိန္းသိမ္းေရးေကာ္မတီတို႔က ရွင္းလင္းေဆြးေႏြးခဲ့ပါသည္။ ထို႔ေနာက္ ပါတီဌာနႀကီး(၆)ခုႏွင့္ ေရးရာေကာ္မတီ(၈)ရပ္တို႔မွ တာဝန္ခံဗဟိုအတြင္းေရးမႉး/ဗဟိုအလုပ္အမႈေဆာင္မ်ားက လုပ္ငန္းေဆာင္ရြက္ခဲ့မႈ အေျခအေနမ်ားႏွင့္ လိုအပ္ခ်က္မ်ားကို ရွင္းလင္းေဆြးေႏြးခဲ့ပါသည္။
ဆက္လက္၍ တြဲဖက္အေထြေထြအတြင္းေရးမႉး၊ အေထြေထြအတြင္းေရးမႉး၊ ဒုတိယဥကၠ႒မ်ားက လိုအပ္ခ်က္မ်ားကို ေဆြးေႏြးမွာၾကားခဲ့ၾကၿပီး ပါတီဥကၠ႒ ဦးခင္ရီက နိဂုံးခ်ဳပ္ လမ္းညႊန္အမွာစကားေျပာၾကားကာ ပါတီဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ စုံညီ အစည္းအေဝးကို (၁၇:၃၀)နာရီအခ်ိန္တြင္ ေအာင္ျမင္စြာၿပီးစီးခဲ့ပါသည္။
၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလ (၉/၁၀)ရက္ေန႔တို႔တြင္ ျပဳလုပ္သည့္ ပါတီဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ စုံညီအစည္းအေဝးအမွတ္စဥ္(၁)မွ ေကာက္ႏႈတ္ခ်က္မ်ား –
၁။ ျပည့္မ႑ိဳင္လုပ္ငန္းစဥ္အား သတ္မွတ္ ကာလအတြင္း ေျပာင္းလဲဖြဲ႕စည္းေရး ေအာင္ျမင္ေအာင္ေဆာင္ရြက္ရန္
၂။ အစိမ္းေရာင္စီမံခ်က္ႏွင့္ အလႊာလိုက္စည္း႐ုံးေရးလုပ္ငန္းမ်ားအား ထိထိမိမိ ေအာင္ျမင္ေအာင္ ေဆာင္ရြက္ရန္
၃။ ယခုကာလမွစ၍ ေရြးေကာက္ပြဲအႀကိဳကာလဟု သတ္မွတ္ရမည္ျဖစ္၍ ေရြးေကာက္ပြဲေအာင္နိုင္ေရးအတြက္ Political Mapping ကို ျပည့္စုံေအာင္ ျပဳစုေဆာင္ရြက္ရန္
၄။ ၂၀၂၄ ခုႏွစ္ ပထမ(၆)ပါတ္အတြက္ ခ်မွတ္ထားေသာ လုပ္ငန္းစဥ္မ်ားကို လုပ္ငန္းလမ္းညႊန္အျဖစ္ လိုက္နာေဆာင္ရြက္ရန္
၅။ ၂၀၂၄ တြင္ မီဒီယာက႑ႏွင့္ ရပ္/ေက်းက႑ျမႇင့္တင္ျခင္းကို အစီအမံမ်ားခ်မွတ္ေဆာင္ရြက္ရန္
၆။ Digital Party (Smart Party) ျဖစ္ေစေရးအတြက္ နည္းပညာဖြံ့ၿဖိဳးတိုးတက္ေရးက႑ကို ဦးတည္ေဆာင္ရြက္ရန္
၇။ အသြင္သစ္နဲ႔ဆက္ဆံေရးကို အရွိန္မဟုန္မပ်က္ ေဆာင္ရြက္ရန္ ျပည္သူလက္ခံ၊ ယုံၾကည္ကိုးစားေသာ ပါတီနိုင္ငံေရးသမားေကာင္းျဖစ္ေအာင္ ႀကိဳးပမ္းေဆာင္ရြက္ရန္
၈။ ပါတီပိုင္ပစၥည္းမ်ား ပ်က္စီးဆုံးရႈံးမႈမရွိေစေရး၊ ကိန္းဂဏန္းမွန္ကန္ေရး အေလးထား ေဆာင္ရြက္ရန္

==============

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ စုံညီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄)ပြုလုပ်

ဇန်နဝါရီ ၁၀၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ စုံညီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄)ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့နှင့် (၁၀) ရက်နေ့တို့တွင် ပါတီဌာနချုပ် အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး၊ ဗဟိုအတွင်းရေးမှူးများနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပါတီဥက္ကဋ္ဌများ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။
ပထမနေ့အစည်းအဝေးကို ဇန်နဝါရီလ (၉)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် ပြုလုပ်ရာ အစီအစဉ်အရ ပါတီဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပြီးခဲ့သည့် စုံညီအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုကို ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက ဖတ်ကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ် ပါတီဥက္ကဋ္ဌများက မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်အလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ လိုအပ်ချက်များကို ဥက္ကဋ္ဌ ဦးခင်ရီက ဆွေးနွေးမှာကြားခဲ့ပြီး ပထမနေ့အစည်းအဝေးကို ညနေ(၁၇:၁၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။
ဒုတိယနေ့အစည်းအဝေးကို ဇန်နဝါရီလ (၁၀)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဆက်လက်ပြုလုပ်ရာ အစီအစဉ်အရ ပါတီလုပ်ငန်းစိစစ်ရေး၊ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီတို့က ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပါတီဌာနကြီး(၆)ခုနှင့် ရေးရာကော်မတီ(၈)ရပ်တို့မှ တာဝန်ခံဗဟိုအတွင်းရေးမှူး/ဗဟိုအလုပ်အမှုဆောင်များက လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ တွဲဖက်အထွေထွေအတွင်းရေးမှူး၊ အထွေထွေအတွင်းရေးမှူး၊ ဒုတိယဥက္ကဋ္ဌများက လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီက နိဂုံးချုပ် လမ်းညွှန်အမှာစကားပြောကြားကာ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ စုံညီ အစည်းအဝေးကို (၁၇:၃၀)နာရီအချိန်တွင် အောင်မြင်စွာပြီးစီးခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၉/၁၀)ရက်နေ့တို့တွင် ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ စုံညီအစည်းအဝေးအမှတ်စဉ်(၁)မှ ကောက်နှုတ်ချက်များ –
၁။ ပြည့်မဏ္ဍိုင်လုပ်ငန်းစဉ်အား သတ်မှတ် ကာလအတွင်း ပြောင်းလဲဖွဲ့စည်းရေး အောင်မြင်အောင်ဆောင်ရွက်ရန်
၂။ အစိမ်းရောင်စီမံချက်နှင့် အလွှာလိုက်စည်းရုံးရေးလုပ်ငန်းများအား ထိထိမိမိ အောင်မြင်အောင် ဆောင်ရွက်ရန်
၃။ ယခုကာလမှစ၍ ရွေးကောက်ပွဲအကြိုကာလဟု သတ်မှတ်ရမည်ဖြစ်၍ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် Political Mapping ကို ပြည့်စုံအောင် ပြုစုဆောင်ရွက်ရန်
၄။ ၂၀၂၄ ခုနှစ် ပထမ(၆)ပါတ်အတွက် ချမှတ်ထားသော လုပ်ငန်းစဉ်များကို လုပ်ငန်းလမ်းညွှန်အဖြစ် လိုက်နာဆောင်ရွက်ရန်
၅။ ၂၀၂၄ တွင် မီဒီယာကဏ္ဍနှင့် ရပ်/ကျေးကဏ္ဍမြှင့်တင်ခြင်းကို အစီအမံများချမှတ်ဆောင်ရွက်ရန်
၆။ Digital Party (Smart Party) ဖြစ်စေရေးအတွက် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍကို ဦးတည်ဆောင်ရွက်ရန်
၇။ အသွင်သစ်နဲ့ဆက်ဆံရေးကို အရှိန်မဟုန်မပျက် ဆောင်ရွက်ရန် ပြည်သူလက်ခံ၊ ယုံကြည်ကိုးစားသော ပါတီနိုင်ငံရေးသမားကောင်းဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန်
၈။ ပါတီပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ ကိန်းဂဏန်းမှန်ကန်ရေး အလေးထား ဆောင်ရွက်ရန်