ပြည်ခိုင်ဖြိုးပါတီဌာနချုပ်၊ ဦးစီးရုံးဝန်ထမ်းမိသားစု (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့်အားကစားပြိုင်ပွဲပြုလုပ်ကျင်းပပြီး ဆုများချီးမြှင့်
နေပြည်တော် ဇန်နဝါရီ ၂
==============
ပြည်ခိုင်ဖြိုးပါတီဌာနချုပ်၊ ဦးစီးရုံးဝန်ထမ်းမိသားစု (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့်အားကစားပြိုင်ပွဲပြုလုပ်ကျင်းပပြီး
ဆုများချိီးမြှင့်
နေပြည်တော် ဇန်နဝါရီ ၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဦးစီးရုံးဝန်ထမ်းမိသားစုများ၏(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲကို ဇန်နဝါရီ(၂)ရက်နေ့တွင် ပါတီဌာနချုပ်ရှိအားကစားကွင်း၌ပြုလုပ်ကျင်းပခဲ့ပါသည်။
ပါဝင်သောအားကစားပြိုင်ပွဲများမှာ ဘော်လီဘောပြိုင်ပွဲ၊ပိုက်ကျော်ခြင်းပြိုင်ပွဲ၊လွန်ဆွဲပြိုင်ပွဲ၊ချောတိုင်တက်ပြိုင်ပွဲ၊ခေါင်းအုံးရိုက်ပြိုင်ပွဲ၊အားလူးကောက်ပြိုင်ပွဲ၊စကောရွက်ပြိုင်ပွဲ၊မဗေဒါရေခပ်ပြိုင်ပွဲအပါအဝင်အခြား ကစားနည်းပြိုင်ပွဲများပါဝင်ခဲ့ပြီးအားကစား ပြိုင်ပွဲများပြုလုပ်ကျင်းပယှဥ်ပြိုင်နေမှုများကို
ပါတီဒုတိယဥက္ကဋ္ဌများ၊ဗဟိုအတွင်းရေးမှူးများ နှင့်ဗဟိုအလုပ်အမှုဆောင်များမှ လိုက်လံကြည့်ရှုအားပေးခဲ့ကြပါသည်။
၎င်းနောက်ပြိုင်ပွဲတွင်ဆုရရှိခဲ့သူများအား ပါတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသောဦးမြတ်ဟိန်း၊ ဦးလှထွန်းတို့မှလည်းကောင်း၊ဗဟိုအတွင်းရေမှူးများ၊ဗဟိုအလုပ်အမှုဆောင်များမှလည်းကောင်း အသီးသီးဆုများချီးမြှင့်ခဲ့ကြောင်းသိရှိရပါသည်။