ကေမၻာဒီးယားနိုင္ငံသားမ်ားကို လၽွပ္စစ္ကားမ်ားသုံးစြဲရန္ ဝန္ႀကီးခ်ဳပ္ တိုက္တြန္း

ဒီဇင္ဘာ ၁

လၽွပ္စစ္စြမ္းအင္ ထိေရာက္စြာ သုံးစြဲေရးႏွင့္ေလာင္စာဆီဆိုင္ရာ ကုန္က်စရိတ္ေလၽွာ့ခ်ေရးအတြက္ ကေမၻာဒီးယားနိုင္ငံသားမ်ားကို လၽွပ္စစ္ကားမ်ားသုံးစြဲရန္ ဝန္ႀကီးခ်ဳပ္ ဟြန္မာနက္က တိုက္တြန္းခဲ့သည္။ ကေမၻာဒီးယားနိုင္ငံ ကိုေကာင္းျပည္နယ္ရွိ မဂၢါဝပ္ ၁၅၀ ထုတ္လႊတ္နိုင္သည့္ Stung Tatai Leu ေရအားလၽွပ္စစ္စီမံ ကိန္းစတင္အုတ္ျမစ္ခ်သည့္ အခမ္းအနားတြင္ ၎က ယခုကဲ့သို႔ မွတ္ခ်က္ျပဳခဲ့ျခင္းျဖစ္သည္။

နိုင္ငံသားမ်ားကိုလၽွပ္စစ္ကားမ်ားသုံးစြဲေရးအတြက္တိုက္တြန္းျခင္းမွာ ၎ကားမ်ားတြင္ အသုံး ျပဳသည့္ လၽွပ္စစ္စြမ္းအင္သုံး ေမာ္တာမ်ား သည္ မူလက ေလာင္စာဆီသုံး ေမာ္ေတာ္ယာဥ္မ်ားတြင္ သုံးစြဲသည့္ ေပါက္ကြဲမႈတြန္းအားသုံး အင္ဂ်င္မ်ားထက္စြမ္းေဆာင္ရည္ျမင့္ၿပီး ကုန္က်စရိတ္သက္သာေသာ ေၾကာင့္ ျဖစ္ေၾကာင္း ၎က ထပ္ေလာင္းေျပာၾကား သည္။

ယခုအခ်ိန္တြင္ ကာဗြန္ထုတ္လႊတ္မႈ ေလၽွာ့ခ်
ရန္ႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးအတြက္ လၽွပ္စစ္ကားမ်ားသုံးစြဲရန္ နည္းပညာမ်ားကို ျမႇင့္တင္လာၾကေၾကာင္း ၎က ေျပာၾကားသည္။

ကေမၻာဒီးယားနိုင္ငံ ကိုေကာင္းျပည္နယ္ရွိ မဂၢါဝပ္ ၁၅၀ ထုတ္လႊတ္နိုင္သည့္ Stung Tatai Leu ေရအားလၽွပ္စစ္စီမံကိန္းစတင္အုတ္ျမစ္ခ် သည့္ အခမ္းအနားတြင္ ၎က ယခုကဲ့သို႔ မွတ္ ခ်က္ျပဳခဲ့ျခင္းျဖစ္သည္။ နိုင္ငံသားမ်ားကို လၽွပ္ စစ္ကားမ်ားသုံးစြဲေရးအတြက္နိုင္ငံသား တစ္ဦးတစ္ေယာက္ခ်င္းသည္ လၽွပ္စစ္ကားမ်ားသုံးစြဲျခင္းျဖင့္ ကာဗြန္ထုတ္လႊတ္မႈေလၽွာ့ခ်ရာတြင္
ေဆာင္ရြက္ရာေရာက္ၿပီး သဘာဝပတ္ဝန္းက်င္ ထိန္း သိမ္းေရးကိုလည္း ႀကိဳးပမ္းကူညီရာေရာက္ေၾကာင္း ၎က မွတ္ခ်က္ျပဳေျပာၾကားသည္။

ၿမိဳ႕ေတာ္ဖေနာင္ပင္တြင္ လၽွပ္စစ္ျမႇင့္တင္ေရးအတြက္ ကားသုံးစြဲမႈစီမံကိန္းတစ္ရပ္ေဆာင္ရြက္ရန္ ညႊန္ၾကားထားေၾကာင္း ၎က ထပ္ေလာင္း ေျပာ ၾကားသည္။
Source; Khmer Times

=================

ကမ္ဘောဒီးယားနိုင်ငံသားများကို လျှပ်စစ်ကားများသုံးစွဲရန် ဝန်ကြီးချုပ် တိုက်တွန်း

ဒီဇင်ဘာ ၁

လျှပ်စစ်စွမ်းအင် ထိရောက်စွာ သုံးစွဲရေးနှင့်လောင်စာဆီဆိုင်ရာ ကုန်ကျစရိတ်လျှော့ချရေးအတွက် ကမ္ဘောဒီးယားနိုင်ငံသားများကို လျှပ်စစ်ကားများသုံးစွဲရန် ဝန်ကြီးချုပ် ဟွန်မာနက်က တိုက်တွန်းခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ ကိုကောင်းပြည်နယ်ရှိ မဂ္ဂါဝပ် ၁၅၀ ထုတ်လွှတ်နိုင်သည့် Stung Tatai Leu ရေအားလျှပ်စစ်စီမံ ကိန်းစတင်အုတ်မြစ်ချသည့် အခမ်းအနားတွင် ၎င်းက ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

နိုင်ငံသားများကိုလျှပ်စစ်ကားများသုံးစွဲရေးအတွက်တိုက်တွန်းခြင်းမှာ ၎င်းကားများတွင် အသုံး ပြုသည့် လျှပ်စစ်စွမ်းအင်သုံး မော်တာများ သည် မူလက လောင်စာဆီသုံး မော်တော်ယာဉ်များတွင် သုံးစွဲသည့် ပေါက်ကွဲမှုတွန်းအားသုံး အင်ဂျင်များထက်စွမ်းဆောင်ရည်မြင့်ပြီး ကုန်ကျစရိတ်သက်သာသော ကြောင့် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြား သည်။

ယခုအချိန်တွင် ကာဗွန်ထုတ်လွှတ်မှု လျှော့ချ
ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လျှပ်စစ်ကားများသုံးစွဲရန် နည်းပညာများကို မြှင့်တင်လာကြကြောင်း ၎င်းက ပြောကြားသည်။

ကမ္ဘောဒီးယားနိုင်ငံ ကိုကောင်းပြည်နယ်ရှိ မဂ္ဂါဝပ် ၁၅၀ ထုတ်လွှတ်နိုင်သည့် Stung Tatai Leu ရေအားလျှပ်စစ်စီမံကိန်းစတင်အုတ်မြစ်ချ သည့် အခမ်းအနားတွင် ၎င်းက ယခုကဲ့သို့ မှတ် ချက်ပြုခဲ့ခြင်းဖြစ်သည်။ နိုင်ငံသားများကို လျှပ် စစ်ကားများသုံးစွဲရေးအတွက်နိုင်ငံသား တစ်ဦးတစ်ယောက်ချင်းသည် လျှပ်စစ်ကားများသုံးစွဲခြင်းဖြင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရာတွင်
ဆောင်ရွက်ရာရောက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးကိုလည်း ကြိုးပမ်းကူညီရာရောက်ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားသည်။

မြို့တော်ဖနောင်ပင်တွင် လျှပ်စစ်မြှင့်တင်ရေးအတွက် ကားသုံးစွဲမှုစီမံကိန်းတစ်ရပ်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ၎င်းက ထပ်လောင်း ပြော ကြားသည်။
Source; Khmer Times