လာမည့္ႏွစ္တြင္ ကိုရီးယားနိုင္ငံက ျမန္မာအပါ အဝင္ နိုင္ငံျခားလုပ္သား ၂ သိန္းခန႔္ ေခၚယူမည္

နိုဝင္ဘာ ၂၉

လာမည့္ ၂၀၂၄ ခုႏွစ္တြင္ ကိုရီးယားနိုင္ငံမွ ျမန္မာ နိုင္ငံအပါအဝင္ နိုင္ငံျခားလုပ္သား ၂ သိန္းခန႔္ ေခၚယူသြားမည္ဟု သိရပါသည္။

ကိုရီးယားနိုင္ငံအေနႏွင့္ လာမည္ ၂၀၂၄ ခုႏွစ္တြင္ နိုင္ငံျခားသားလုပ္သား ၂ သိန္းခန႔္ေခၚယူမည္ဟု နိုဝင္ဘာလ ၂၇ ရက္က က်င္းပခဲ့သည့္ အႀကိမ္(၄၀) ေျမာက္ နိုင္ငံျခားသားလုပ္သား မူဝါဒဆိုင္ရာအဖြဲ႕အစည္းအေဝး၌ ဆုံးျဖတ္လိုက္ျခင္း ျဖစ္သည္ဟု သိရပါသည္။

ကုန္ထုတ္လုပ္ငန္းမ်ားအတြက္ ၉၅,၀၀၀ ဦး၊ စိုက္/ေမြးလုပ္ငန္းအတြက္ ၁၆,၀၀၀ ဦး၊ေရလုပ္ ငန္းအတြက္ ၁၀,၀၀၀ ဦး၊ ေဆာက္လုပ္ေရးအတြက္ ၆၀,၀၀၀ ဦး၊ သေဘၤာလုပ္ငန္းအတြက္ ၅၀၀၀ ဦး၊ ဝန္ေဆာင္မႈလုပ္ ငန္းအတြက္ ၁၃,၀၀၀ ဦးႏွင့္ အျခားလုပ္ငန္းမ်ားအတြက္ ေခၚယူမွာျဖစ္ၿပီး ေခၚယူမည္စာရင္းက အေျပာင္းအလဲ ရွိနိုင္သည္ဟု သိရပါသည္။

#PAN

==============

လာမည့်နှစ်တွင် ကိုရီးယားနိုင်ငံက မြန်မာအပါ အဝင် နိုင်ငံခြားလုပ်သား ၂ သိန်းခန့် ခေါ်ယူမည်

နိုဝင်ဘာ ၂၉

လာမည့် ၂၀၂၄ ခုနှစ်တွင် ကိုရီးယားနိုင်ငံမှ မြန်မာ နိုင်ငံအပါအဝင် နိုင်ငံခြားလုပ်သား ၂ သိန်းခန့် ခေါ်ယူသွားမည်ဟု သိရပါသည်။

ကိုရီးယားနိုင်ငံအနေနှင့် လာမည် ၂၀၂၄ ခုနှစ်တွင် နိုင်ငံခြားသားလုပ်သား ၂ သိန်းခန့်ခေါ်ယူမည်ဟု နိုဝင်ဘာလ ၂၇ ရက်က ကျင်းပခဲ့သည့် အကြိမ်(၄၀) မြောက် နိုင်ငံခြားသားလုပ်သား မူဝါဒဆိုင်ရာအဖွဲ့အစည်းအဝေး၌ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု သိရပါသည်။

ကုန်ထုတ်လုပ်ငန်းများအတွက် ၉၅,၀၀၀ ဦး၊ စိုက်/မွေးလုပ်ငန်းအတွက် ၁၆,၀၀၀ ဦး၊ရေလုပ် ငန်းအတွက် ၁၀,၀၀၀ ဦး၊ ဆောက်လုပ်ရေးအတွက် ၆၀,၀၀၀ ဦး၊ သင်္ဘောလုပ်ငန်းအတွက် ၅၀၀၀ ဦး၊ ဝန်ဆောင်မှုလုပ် ငန်းအတွက် ၁၃,၀၀၀ ဦးနှင့် အခြားလုပ်ငန်းများအတွက် ခေါ်ယူမှာဖြစ်ပြီး ခေါ်ယူမည်စာရင်းက အပြောင်းအလဲ ရှိနိုင်သည်ဟု သိရပါသည်။

#PAN