ေလဖိအားနည္းရပ္ဝန္း ပိုမိုအားေကာင္းလာဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္း၌မုန္တိုင္းငယ္အျဖစ္ ေရာက္ရွိနိုင္

နိုဝင္ဘာ ၂၉

ယေန႔ျမန္မာစံေတာ္ခ်ိန္ (၀၅:၃၀)နာရီအခ်ိန္တိုင္း ထြာခ်က္မ်ားအရ ကပၸလီ ပင္လယ္ျပင္ေတာင္ပိုင္းတြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ဝန္း(Low Pressure Area)သည္ ကပၸလီပင္လယ္ျပင္ ေတာင္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ ေအာ္ အေရွ႕ေတာင္ပိုင္းတို႔တြင္ ဆက္လက္တည္ရွိ ေနပါ သည္။

အဆိုပါ ေလဖိအားနည္းရပ္ဝန္းသည္ ပိုမိုအား ေကာင္းလာနိုင္ၿပီး၊ ေနာက္(၁၂)နာရီအတြင္း အား ေကာင္းေသာ ေလဖိအားနည္းရပ္ဝန္း(Well Marked Low Pressure Area)အျဖစ္သို႔ ေရာက္ရွိနိုင္ကာ၊ အေနာက္-အေနာက္ ေျမာက္ဘက္သို႔ ေရြ႕လ်ားနိုင္ၿပီး၊ (၃၀.၁၁.၂၀၂၃)ရက္ေန႔တြင္ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္း၌ မုန္တိုင္းငယ္ (Depression)အျဖစ္သို႔ ေရာက္ရွိနိုင္ပါသည္။ ထိုမွတစ္ဆင့္ အေနာက္ ေျမာက္ဘက္သို႔ ေရြ႕လ်ားနိုင္ကာ၊ (၂.၁၂.၂၀၂၃) ရက္ေန႔တြင္ ဆိုင္ကလုန္းမုန္တိုင္း(Cyclonic Storm)အျဖစ္သို႔ ေရာက္ရွိနိုင္သည္ဟု မိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနက ခန႔္မွန္းထားသည္။

====================

လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်

နိုဝင်ဘာ ၂၉

ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တိုင်း ထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော် အရှေ့တောင်ပိုင်းတို့တွင် ဆက်လက်တည်ရှိ နေပါ သည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအား ကောင်းလာနိုင်ပြီး၊ နောက်(၁၂)နာရီအတွင်း အား ကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို့ ရောက်ရှိနိုင်ကာ၊ အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ (၃၀.၁၁.၂၀၂၃)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ထိုမှတစ်ဆင့် အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ၊ (၂.၁၂.၂၀၂၃) ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။