ကယန္းတိုင္းရင္းသူ ရိုးရာလက္ေဝွ႕မယ္ ဘေရာ္နီကာ Thai Fight ၿပိဳင္ပြဲတြင္ အီရန္နိုင္ငံသူ ဇာဟာကို အနိုင္ယူၿပီး (၁၅) ပြဲဆက္ အနိုင္ရ

ကယန္းတိုင္းရင္းသူ ရိုးရာလက္ေဝွ႕မယ္ ဘေရာ္နီကာသည္ Thai Fight ၿပိဳင္ပြဲတြင္ အီရန္နိုင္ငံသူ ဇာဟာကို အနိုင္ယူၿပီး (၁၅) ပြဲဆက္ အနိုင္ရရွိခဲ့ေၾကာင္း သိရသည္။

ယင္းၿပိဳင္ပြဲကို Thai Fight Bang Kachao အမည္ျဖင့္ ၿပီးခဲ့သည့္ နိုဝင္ဘာ ၂၆ ရက္က ထိုင္းနိုင္ငံ ဖာရာပရာေဒ့ရန္ခရိုင္တြင္ က်င္းပခဲ့ျခင္းျဖစ္သည္။

ယင္းၿပိဳင္ပြဲကို၂၀၂၃ ထိုင္းဖိုက္ဘုရင္မဖလား ဆီမီးဖိုင္နယ္(2023 Thai Fight Queen’s Cup Semi Finals) အျဖစ္ က်င္းပခဲ့ျခင္းလည္းျဖစ္သည္။

ဘေရာ္နီကာသည္ အမ်ိဳးသမီး ၅၄ ကီလိုတန္းတြင္ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ျခင္းျဖစ္ၿပီး ၿပိဳင္ဘက္ အီရန္နိုင္ငံသူ ေမြထိုင္းလက္ေဝွ႕မယ္ ဇာဟာမွာ အသက္(၂၂) သာရွိေသးၿပီး ေမြထိုင္း(၃၆) ပြဲ ထိုးသတ္ထားရာ (၂၆) ပြဲနိုင္၊ (၃) ပြဲသေရ၊ (၇) ပြဲရႈံးနိမ့္ထားေၾကာင္း သိရသည္။

ဘေရာ္နီကာသည္ ယခုပြဲမတိုင္မီ ၿပီးခဲ့သည့္ ေအာက္တိုဘာအတြင္းက ထိုင္းနိုင္ငံသူ ေမြထိုင္းမယ္ ဖာရာဆင္းဂါႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ၿပီး အမွတ္ျဖင့္ အနိုင္ရရွိထားသည္။

ဘေရာ္နီကာသည္ ယခုထိုးသတ္ခဲ့သည့္ ၂၀၂၃ ထိုင္းဖိုက္ဘုရင္မဖလား ဆီမီးဖိုင္နယ္(2023 Thai Fight Queen’s Cup Semi Finals) တြင္ အနိုင္ရရွိခဲ့ျခင္းေၾကာင့္ ဗိုလ္လုပြဲဆက္လက္ထိုးသတ္ရမည္ျဖစ္သည္။

ထိုင္းဖိုက္သည္ ဗိုလ္လုပြဲမ်ားကို လာမည့္ ဒီဇင္ဘာ(၂၄) ရက္တြင္ အယုဒၶယၿမိဳ႕၌ က်င္းပသြားမည္ျဖစ္ၿပီး ဘေရာ္နီကာမွာ ၿပိဳင္ဘက္ေဟာင္း ထိုင္းနိုင္ငံသူ ေမြထိုင္းမယ္ ဖာရာဆင္းဂါႏွင့္ ျပန္လည္ယွဥ္ၿပိဳင္ထိုးသတ္ရမည္ျဖစ္သည္။

ဘေရာ္နီကာသည္ ၿပီးခဲ့သည့္ေအာက္တိုဘာတြင္ ဖာရာဆင္းဂါကို အမွတ္ျဖင့္သာ အနိုင္ရထားေသာေၾကာင့္ ယခုတစ္ႀကိမ္တြင္ အလဲထိုးနိုင္ရန္ ႀကိဳးပမ္းျပရမည္ျဖစ္သည္။

====================

ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဘရော်နီကာ Thai Fight ပြိုင်ပွဲတွင် အီရန်နိုင်ငံသူ ဇာဟာကို အနိုင်ယူပြီး (၁၅) ပွဲဆက် အနိုင်ရ

***************

ကယန်းတိုင်းရင်းသူ ရိုးရာလက်ဝှေ့မယ် ဘရော်နီကာသည် Thai Fight ပြိုင်ပွဲတွင် အီရန်နိုင်ငံသူ ဇာဟာကို အနိုင်ယူပြီး (၁၅) ပွဲဆက် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို Thai Fight Bang Kachao အမည်ဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်က ထိုင်းနိုင်ငံ ဖာရာပရာဒေ့ရန်ခရိုင်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲကို၂၀၂၃ ထိုင်းဖိုက်ဘုရင်မဖလား ဆီမီးဖိုင်နယ်(2023 Thai Fight Queen’s Cup Semi Finals) အဖြစ် ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။

ဘရော်နီကာသည် အမျိုးသမီး ၅၄ ကီလိုတန်းတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ဘက် အီရန်နိုင်ငံသူ မွေထိုင်းလက်ဝှေ့မယ် ဇာဟာမှာ အသက်(၂၂) သာရှိသေးပြီး မွေထိုင်း(၃၆) ပွဲ ထိုးသတ်ထားရာ (၂၆) ပွဲနိုင်၊ (၃) ပွဲသရေ၊ (၇) ပွဲရှုံးနိမ့်ထားကြောင်း သိရသည်။

ဘရော်နီကာသည် ယခုပွဲမတိုင်မီ ပြီးခဲ့သည့် အောက်တိုဘာအတွင်းက ထိုင်းနိုင်ငံသူ မွေထိုင်းမယ် ဖာရာဆင်းဂါနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး အမှတ်ဖြင့် အနိုင်ရရှိထားသည်။

ဘရော်နီကာသည် ယခုထိုးသတ်ခဲ့သည့် ၂၀၂၃ ထိုင်းဖိုက်ဘုရင်မဖလား ဆီမီးဖိုင်နယ်(2023 Thai Fight Queen’s Cup Semi Finals) တွင် အနိုင်ရရှိခဲ့ခြင်းကြောင့် ဗိုလ်လုပွဲဆက်လက်ထိုးသတ်ရမည်ဖြစ်သည်။

ထိုင်းဖိုက်သည် ဗိုလ်လုပွဲများကို လာမည့် ဒီဇင်ဘာ(၂၄) ရက်တွင် အယုဒ္ဓယမြို့၌ ကျင်းပသွားမည်ဖြစ်ပြီး ဘရော်နီကာမှာ ပြိုင်ဘက်ဟောင်း ထိုင်းနိုင်ငံသူ မွေထိုင်းမယ် ဖာရာဆင်းဂါနှင့် ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။

ဘရော်နီကာသည် ပြီးခဲ့သည့်အောက်တိုဘာတွင် ဖာရာဆင်းဂါကို အမှတ်ဖြင့်သာ အနိုင်ရထားသောကြောင့် ယခုတစ်ကြိမ်တွင် အလဲထိုးနိုင်ရန် ကြိုးပမ်းပြရမည်ဖြစ်သည်။