အမွန္သိမွ အသိမွန္၊ အေတြးမွန္၊ ဆုံးျဖတ္မွန္၊အလုပ္မွန္ၿပီး ပန္းတိုင္ေရာက္မည္ျဖစ္ေၾကာင္း တနသၤာရီတိုင္း ေဒသႀကီး၊ ထားဝယ္ခရိုင္မွပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုဲံပြဲတြင္ ပါတီဒုတိယ ဥကၠ႒ဦးမ်ိဳးေဇာ္သိန္းေျပာၾကား
ထားဝယ္ ေအာက္တိုဘာ ၁၇
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ၊ ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိန္းသည္ တနသၤါရီတိုင္းေဒသႀကီးေပါင္းစပ္ညႇိႏွိုင္းေရးမႉး၊ဗဟိုအတြင္းေရးမႉးေဒါက္တာေက်ာ္ေက်ာ္ေဌးႏွင့္အတူေအာက္တိုဘာလ (၁၇) ရက္ေန႔၊ နံနက္ပိုင္းတြင္ တနသၤာရီတိုင္း ေဒသႀကီး၊ ထားဝယ္ခရိုင္ႏွင့္ၿမိဳ႕နယ္မ်ားမွ ပါတီေကာ္မတီဝင္အဆင့္ဆင့္ ႏွင့္ ပါတီေကဒါမ်ားအား တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ၿမိဳ႕ အစည္းအေဝးခန္းမတြင္ ေတြ႕ဆုံခဲ့ပါသည္။
ေတြ႕ဆုံပြဲတြင္ဒုတိယဥကၠ႒ ဉီးမ်ိဳးေဇာ္သိန္းမွ ႏႈတ္ခြန္းဆက္အမွာစကားေျပာၾကားရာတြင္ မိမိတို႔ပါတီသည္ ျပည္သူထဲမွ ေပါက္ဖြားလာၾကသူမ်ားျဖစ္ၿပီး ျပည္သူမ်ားႏွင့္ဖြဲ႕စည္းထားသည့္ ပါတီျဖစ္ေၾကာင္း၊နိုင္ငံ့အေရး၊ ျပည္သူ႔အေရး၊ ေဒသအေရးကို အစဥ္ေရွ႕ရႉ႔၍ ေဆာင္ရြက္သည့္ အစဥ္အလာရွိသည္ႏွင့္အညီ ဆက္လက္ထိန္းသိမ္းေဆာင္ရြက္ရန္ လိုအပ္ေၾကာင္း၊ အေျခအေန အရပ္ရပ္ကို ရႈေထာင့္ေပါင္းစုံမွ ရႈ႔ျမင္၍အမွန္သိရန္လိုအပ္ေၾကာင္း၊ အမွန္သိမွ အသိမွန္၊ အေတြးမွန္၊ ဆုံးျဖတ္မွန္၊အလုပ္မွန္ၿပီး ပန္းတိုင္ေရာက္မည္ျဖစ္ေၾကာင္း စသည္ျဖင့္အေသးစိတ္ရွင္းလင္းေျပာၾကားခဲ့ပါသည္။
ဆက္လက္၍ ဗဟိုအတြင္းေရးမႉး တနသၤာရီတိုင္း ေဒသႀကီးေပါင္းစပ္ညႇိနိုင္းေရးမႉး ေဒါက္တာ ေက်ာ္ေက်ာ္ေဌးက အမွာစကားေျပာၾကားၿပီးတိုင္းေဒသႀကီးပါတီ ဥကၠ႒ ၊ခရိုင္ပါတီ ဥကၠ႒ႏွင့္ၿမိဳ႕နယ္ဥကၠ႒မ်ားမွ ေဒသအေျခအေနမ်ား၊ပါတီလႈပ္ရွားေဆာင္ရြက္ေနမႈ႔မ်ားအားတင္ျပေဆြးေႏြးခဲ့ၾကပါသည္။
တင္ျပခ်က္ေဆြးေႏြးခ်က္မ်ားအေပၚ ဒုတိယဥကၠ႒မွ ေပါင္းစပ္ညႇိႏွိုင္း ေဆာင္ရြက္ ေပးခဲ့ၿပီး အမွတ္တရလက္ေဆာင္ပစၥည္းမ်ား ေပးအပ္ခဲ့ေၾကာင္းသတင္းရရွိပါသည္။
========================
အမှန်သိမှ အသိမှန်၊ အတွေးမှန်၊ ဆုံးဖြတ်မှန်၊အလုပ်မှန်ပြီး ပန်းတိုင်ရောက်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်မှပါတီတာဝန်ရှိသူများနှင့်တွေ့ဆုဲံပွဲတွင် ပါတီဒုတိယ ဥက္ကဋ္ဌဦးမျိုးဇော်သိန်းပြောကြား
ထားဝယ် အောက်တိုဘာ ၁၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းသည် တနင်္သါရီတိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူး၊ဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေးနှင့်အတူအောက်တိုဘာလ (၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်နှင့်မြို့နယ်များမှ ပါတီကော်မတီဝင်အဆင့်ဆင့် နှင့် ပါတီကေဒါများအား တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင်ဒုတိယဥက္ကဋ္ဌ ဉီးမျိုးဇော်သိန်းမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် မိမိတို့ပါတီသည် ပြည်သူထဲမှ ပေါက်ဖွားလာကြသူများဖြစ်ပြီး ပြည်သူများနှင့်ဖွဲ့စည်းထားသည့် ပါတီဖြစ်ကြောင်း၊နိုင်ငံ့အရေး၊ ပြည်သူ့အရေး၊ ဒေသအရေးကို အစဉ်ရှေ့ရှူ့၍ ဆောင်ရွက်သည့် အစဉ်အလာရှိသည်နှင့်အညီ ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အခြေအနေ အရပ်ရပ်ကို ရှုထောင့်ပေါင်းစုံမှ ရှု့မြင်၍အမှန်သိရန်လိုအပ်ကြောင်း၊ အမှန်သိမှ အသိမှန်၊ အတွေးမှန်၊ ဆုံးဖြတ်မှန်၊အလုပ်မှန်ပြီး ပန်းတိုင်ရောက်မည်ဖြစ်ကြောင်း စသည်ဖြင့်အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်း ဒေသကြီးပေါင်းစပ်ညှိနိုင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေးက အမှာစကားပြောကြားပြီးတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ၊ခရိုင်ပါတီ ဥက္ကဋ္ဌနှင့်မြို့နယ်ဥက္ကဋ္ဌများမှ ဒေသအခြေအနေများ၊ပါတီလှုပ်ရှားဆောင်ရွက်နေမှု့များအားတင်ပြဆွေးနွေးခဲ့ကြပါသည်။
တင်ပြချက်ဆွေးနွေးချက်များအပေါ် ဒုတိယဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။