အမ်ိဳးသမီးေရးရာေကာ္မတီ ေတြ႕ဆုံပြဲ

ကေလာ ေအာက္တိုဘာ ၈
ရွမ္းျပည္နယ္ ( ေတာင္ပိုင္း ) ကေလာၿမိဳ႕နယ္ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ ၿဖိဳးေရပါတီ႐ုံး အစည္းအေဝးခန္းမတြင္ ( ၈.၁၀. ၂၀၂၃ ) ရက္ေန႔ နံနက္ ( ၁၀:၀၀ ) နာရီမွေန႔လည္ ( ၁၂:၀၀ ) နာရီအထိ အမ်ိဳးသမီးေရးရာေကာ္မတီ ေတြ႕ဆုံပြဲျပဳလုပ္ခဲ့ပါသည္။ ေတြ႕ဆုံပြဲသို႔ အမ်ိဳးသမီးေရးရာေကာ္မတီ ပါတီဗဟိုအတြင္းေရးမႉး ေဒါက္တာ ေဒၚစန္းစန္းႏြယ္ ၊ အမ်ိဳးသမီးေရးရာေကာ္မတီ ဗဟိုအလုပ္အမႈေဆာင္ ေဒၚခင္ေရႊျမင့္ ၊ ရွမ္းျပည္နယ္ ( ေတာင္ပိုင္း ) ျပည္နယ္ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးစိုင္းလုံေက်ာ္ ၊ ျပည္နယ္ေကာ္မတီဝင္မ်ားျဖစ္ၾကသည့္ ေဒၚနန္းဆိုင္ႏြမ္း ( အမ်ိဳးသမီေရးရာတာဝန္ခံ ) ၊ ေဒၚဝါဝါေထြး ( ဘ႑ာေရးမႉး ) ၊ ေဒၚခင္ေထြးေအာင္ ( စည္း႐ုံးေရးရာတာဝန္ခံ ) ၊ ျပည္နယ္အမ်ိဳးသမီးေရးရာ ဒု တာဝန္ခံ ေဒၚနန္းစိန္ညြန႔္ႏြယ္ ( နမ့္စန္ၿမိဳ႕နယ္ျပည္ခိုင္ၿဖိဳးပါတီ အတြင္းေရးမႉး ) ၊ ကေလာခရိုင္ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးမ်ိဳးသန္းဦး ႏွင့္ေကာ္မတီဝင္မ်ား ၊ ကေလာၿမိဳ႕နယ္ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးစံေဌး ၊ အတြင္းေရးမႉး ဦးခြန္ထြန္းျဖဴ ႏွင့္ ၿမိဳ႕နယ္ေကာ္မတီဝင္မ်ား ၊ လူငယ္/ အမ်ိဳးသမီးအဖြဲ႕မ်ား စုစုေပါင္းအင္အား ( ၂၆ ) ဦးတက္ေရာက္ခဲ့ပါသည္။
ေတြ႕ဆုံပြဲ၌ အမ်ိဳးသမီးေရးရာေကာ္မတီ ပါတီဗဟိုအတြင္းေရးမႉး ေဒါက္တာေဒၚစန္းစန္းႏြယ္မွ မိတ္ဆက္အမွာစကားေျပာၾကားၿပီး ရက္( ၉၀ ) စီမံခ်က္မ်ား ခ်မွတ္ေဆာင္ရြက္ေနမႈ ၊ Project Cycle Management စီမံခ်က္ေရးဆြဲေဆာင္ရြက္ရသည့္ ရည္ရြယ္ခ်က္ႏွင့္လမ္းညြန္သတ္မွတ္ခ်က္မ်ားအား ေဆြးေႏြးေျပာၾကားခဲ့ပါသည္။ ၎ေနာက္ အမ်ိဳးသမီးေရးရာေကာ္မတီ ဗဟိုအလုပ္အမႈေဆာင္ ေဒၚခင္ေရႊျမင့္မွ မိတ္ဆက္အမွာစကားေျပာၾကားၿပီး Project Cycle Management လုပ္ငန္းစဥ္ႏွင့္ ျပည့္မ‌႑ိဳင္ေဆာင္ရြက္ခ်က္မ်ားအား က႑အားလုံးေပါင္းစပ္၍ေဆာင္ရြက္သြားရန္ ေဆြးေႏြးေျပာၾကားခဲ့ပါသည္။
ဆက္လက္ၿပီး ျပည္နယ္ပါတီ ဥကၠ႒ ဦးစိုင္းလုံေက်ာ္မွ မိမိျပည္နယ္အတြင္း PCM စီမံခ်က္ပါအတိုင္း အမ်ိဳးသမီးထုအတြက္ ၿမိဳ႕နယ္မ်ားေရြးခ်ယ္မႈအေျခအေန ဆက္လက္ေဆာင္ရြက္မည့္အေျခအေန ၊ အနာဂတ္နိုင္ငံေတာ္အတြက္အေရးပါမႈအေျခအေန ၊ အရည္အခ်င္းျပည့္ဝသည့္ အမ်ိဳးသမီးမ်ား စုစည္းရရွိေဆာင္ရြက္သည့္အေျခအေနႏွင့္ ေရြးေကာက္ပြဲတြင္ ေအာင္နိုင္ေရးအတြက္ေဆာင္ရြက္ရမည့္ကိစၥရပ္မ်ားကို ေဆြေႏြေျပာၾကားခဲ့ပါသည္။ ဆက္လက္၍ ျပည္နယ္အမ်ိဳးသမီးေရးရာတာဝန္ခံ ေဒၚနန္းဆိုင္ႏြမ္းမွ Project Cycle Management ( PCM ) စီမံခ်က္ပါလုပ္ငန္းစဥ္မ်ား အေကာင္အထည္ေဖာ္ေဆာင္ရြက္ရာတြင္ ပါတီဗဟိုဌာနခ်ဳပ္၏ လမ္းညြန္ခ်က္ႏွင့္အညီေဆာင္ရြက္ရန္ ၊ ျပည့္မ႑ိဳင္စီမံခ်က္မ်ားကိုလည္း သတ္မွတ္ခ်က္မ်ားႏွင့္အညီေဆာင္ရြက္ရန္ႏွင့္ အမ်ိဳးသမီးမ်ား၏ လူမႈဘဝျမႇင့္တင္ေရးကိစၥမ်ားကို ေဆြးေႏြးေျပာၾကားခဲ့ပါသည္။ ဆက္လက္ၿပီး ကေလာၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒မွ အမ်ိဳးသမီးေရးရာကိစၥႏွင့္ ပတ္သက္၍တင္ျပေဆြးေႏြးၿပီး ၊ ကေလာၿမိဳ႕နယ္ျပည္ခိုင္ၿဖိဳးပါတီအမ်ိဳးသမီးေရးရာတာဝန္ခံမွ အမ်ိဳးသမီးပါတီဝင္သစ္ စုေဆာင္းျခင္းႏွင့္ပတ္သက္၍ တင္ျပေဆြေႏြးခဲ့ပါသည္။
၎ေနာက္ အမ်ိဳးသမီးေရးရာေတြ႕ဆုံပြဲသို႔ တက္ေရာက္လာၾကေသာ လူငယ္/ အမ်ိဳးသမီးမ်ားမွ သိရွိလိုသည့္အခ်က္မ်ားအား ေမးျမန္းမႈအေပၚ အမ်ိဳးသမီးေရးရာေကာ္မတီ ပါတီဗဟိုအတြင္းေရးမႉး ေဒါက္တာေဒၚစန္းစန္းႏြယ္ ၊ အမ်ိဳးသမီးေရးရာေကာ္မတီ ဗဟိုအလုပ္အမႈေဆာင္ ေဒၚခင္ေရႊျမင့္ ႏွင့္ ျပည္နယ္/ ခရိုင္ / ၿမိဳ႕နယ္မ်ားမွ ျပန္လည္ရွင္းလင္းေဆြးေႏြးခဲ့ၿပီး အမ်ိဳးသမီးေရးရာေကာ္မတီ ပါတီဗဟိုအတြင္းေရးမႉး ေဒါက္တာေဒၚစန္းစန္းႏြယ္မွ နိဂုံးခ်ဳပ္အမွာစကားေျပာၾကားခဲ့ၿပီးေနာက္ ေတြ႕ဆုံပြဲသို႔ တက္ေရာက္လာၾကသူမ်ားအား ရင္းရင္ႏွီးႏွီး လိုက္လံႏႈတ္ဆက္ခဲ့ေၾကာင္းသိရွိရပါသည္။

========================

အမျိုးသမီးရေးရာကော်မတီ တွေ့ဆုံပွဲ

ကလော အောက်တိုဘာ ၈
ရှမ်းပြည်နယ် ( တောင်ပိုင်း ) ကလောမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေပါတီရုံး အစည်းအဝေးခန်းမတွင် ( ၈.၁၀. ၂၀၂၃ ) ရက်နေ့ နံနက် ( ၁၀:၀၀ ) နာရီမှနေ့လည် ( ၁၂:၀၀ ) နာရီအထိ အမျိုးသမီးရေးရာကော်မတီ တွေ့ဆုံပွဲပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲသို့ အမျိုးသမီးရေးရာကော်မတီ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ် ၊ အမျိုးသမီးရေးရာကော်မတီ ဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ရွှေမြင့် ၊ ရှမ်းပြည်နယ် ( တောင်ပိုင်း ) ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစိုင်းလုံကျော် ၊ ပြည်နယ်ကော်မတီဝင်များဖြစ်ကြသည့် ဒေါ်နန်းဆိုင်နွမ်း ( အမျိုးသမီရေးရာတာဝန်ခံ ) ၊ ဒေါ်ဝါဝါထွေး ( ဘဏ္ဍာရေးမှူး ) ၊ ဒေါ်ခင်ထွေးအောင် ( စည်းရုံးရေးရာတာဝန်ခံ ) ၊ ပြည်နယ်အမျိုးသမီးရေးရာ ဒု တာဝန်ခံ ဒေါ်နန်းစိန်ညွန့်နွယ် ( နမ့်စန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ) ၊ ကလောခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးမျိုးသန်းဦး နှင့်ကော်မတီဝင်များ ၊ ကလောမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစံဌေး ၊ အတွင်းရေးမှူး ဦးခွန်ထွန်းဖြူ နှင့် မြို့နယ်ကော်မတီဝင်များ ၊ လူငယ်/ အမျိုးသမီးအဖွဲ့များ စုစုပေါင်းအင်အား ( ၂၆ ) ဦးတက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲ၌ အမျိုးသမီးရေးရာကော်မတီ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်မှ မိတ်ဆက်အမှာစကားပြောကြားပြီး ရက်( ၉၀ ) စီမံချက်များ ချမှတ်ဆောင်ရွက်နေမှု ၊ Project Cycle Management စီမံချက်ရေးဆွဲဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့်လမ်းညွန်သတ်မှတ်ချက်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။ ၎င်းနောက် အမျိုးသမီးရေးရာကော်မတီ ဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ရွှေမြင့်မှ မိတ်ဆက်အမှာစကားပြောကြားပြီး Project Cycle Management လုပ်ငန်းစဉ်နှင့် ပြည့်မ‌ဏ္ဍိုင်ဆောင်ရွက်ချက်များအား ကဏ္ဍအားလုံးပေါင်းစပ်၍ဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်မှ မိမိပြည်နယ်အတွင်း PCM စီမံချက်ပါအတိုင်း အမျိုးသမီးထုအတွက် မြို့နယ်များရွေးချယ်မှုအခြေအနေ ဆက်လက်ဆောင်ရွက်မည့်အခြေအနေ ၊ အနာဂတ်နိုင်ငံတော်အတွက်အရေးပါမှုအခြေအနေ ၊ အရည်အချင်းပြည့်ဝသည့် အမျိုးသမီးများ စုစည်းရရှိဆောင်ရွက်သည့်အခြေအနေနှင့် ရွေးကောက်ပွဲတွင် အောင်နိုင်ရေးအတွက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေနွေပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းဆိုင်နွမ်းမှ Project Cycle Management ( PCM ) စီမံချက်ပါလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပါတီဗဟိုဌာနချုပ်၏ လမ်းညွန်ချက်နှင့်အညီဆောင်ရွက်ရန် ၊ ပြည့်မဏ္ဍိုင်စီမံချက်များကိုလည်း သတ်မှတ်ချက်များနှင့်အညီဆောင်ရွက်ရန်နှင့် အမျိုးသမီးများ၏ လူမှုဘဝမြှင့်တင်ရေးကိစ္စများကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ကလောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌမှ အမျိုးသမီးရေးရာကိစ္စနှင့် ပတ်သက်၍တင်ပြဆွေးနွေးပြီး ၊ ကလောမြို့နယ်ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးရေးရာတာဝန်ခံမှ အမျိုးသမီးပါတီဝင်သစ် စုဆောင်းခြင်းနှင့်ပတ်သက်၍ တင်ပြဆွေနွေးခဲ့ပါသည်။
၎င်းနောက် အမျိုးသမီးရေးရာတွေ့ဆုံပွဲသို့ တက်ရောက်လာကြသော လူငယ်/ အမျိုးသမီးများမှ သိရှိလိုသည့်အချက်များအား မေးမြန်းမှုအပေါ် အမျိုးသမီးရေးရာကော်မတီ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် ၊ အမျိုးသမီးရေးရာကော်မတီ ဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ရွှေမြင့် နှင့် ပြည်နယ်/ ခရိုင် / မြို့နယ်များမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အမျိုးသမီးရေးရာကော်မတီ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီးနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်းသိရှိရပါသည်။