ေရဘင္ စမတ္မ်က္မွန္သစ္ မက္တာကုမၸဏီ ထုတ္ေဖာ္ျပသ

မာ့ခ္ဇူကာဘာ့ဂ္ရဲ့ မက္တာနည္းပညာကုမၸဏီဟာ အဆင့္ျမင့္နည္းပညာသုံး အလွတပ္ေရဘင္စမတ္မ်က္မွန္တစ္မ်ိဳးကို စက္တင္ဘာ ၂၈ ရက္က ထုတ္ေဖာ္ျပသလိုက္ပါသည္။
မက္တာရဲ့ စမတ္မ်က္မွန္ဟာ ႐ုတ္တရက္ၾကည့္ရင္ေတာ့ သာမန္အလွတပ္မ်က္မွန္ေတြလိုမ်ိဳးပါပဲ။ ဒါေပမဲ့ ေသခ်ာၾကည့္မယ္ဆိုရင္ မ်က္မွန္ကိုင္းတံေတြေပၚမွာ ေသးငယ္တဲ့ကင္မရာေတြ တပ္ထားတာကို ေတြ႕ရမွာပါ။ တစ္လက္ကို အေမရိကန္ေဒၚလာ ၃၆၄ ေဒၚလာ တန္ဖိုးရွိတဲ့ မက္တာစမတ္ေရဘင္မ်က္မွန္ေတြရဲ့ ကင္မရာစနစ္ဟာ ဓာတ္ပုံနဲ႔ ဗီဒီယိုကို စကၠန႔္ ၆၀ ၾကာ လၽွို႔ဝွက္ရိုက္ကူးေပးနိုင္ပါတယ္။
ၿပီးေတာ့ အသိဉာဏ္တုနည္းပညာ (AI) ကိုပါ ေပါင္းစပ္ထည့္သြင္းထားေတာ့ မက္တာစမတ္မ်က္မွန္ေတြဟာ တပ္ဆင္ထားသူ ေတြ႕ေနရတဲ့ အရာဝတၳဳေတြ၊ ေနရာေတြကို ခြဲျခားေပးနိုင္စြမ္း၊ အခ်ိန္နဲ႔တစ္ေျပးညီဘာသာျပန္ေပးနိုင္စြမ္းေတြလည္း ပိုင္ဆိုင္ထားတယ္လို႔ ဆိုပါတယ္။
မက္တာကုမၸဏီဟာ အဲသည့္စမတ္မ်က္မွန္ကို စက္တင္ဘာ ၂၇ ရက္မွာ ဆီလီကြန္ေတာင္ၾကားမွာ က်င္းပခဲ့တဲ့ Meta connect 2023 ျပပြဲမွာ ထုတ္ေဖာ္ျပသခဲ့တာပါ။

#sdtimedaily

==========================

ရေဘင် စမတ်မျက်မှန်သစ် မက်တာကုမ္ပဏီ ထုတ်ဖော်ပြသ

မာ့ခ်ဇူကာဘာ့ဂ်ရဲ့ မက်တာနည်းပညာကုမ္ပဏီဟာ အဆင့်မြင့်နည်းပညာသုံး အလှတပ်ရေဘင်စမတ်မျက်မှန်တစ်မျိုးကို စက်တင်ဘာ ၂၈ ရက်က ထုတ်ဖော်ပြသလိုက်ပါသည်။
မက်တာရဲ့ စမတ်မျက်မှန်ဟာ ရုတ်တရက်ကြည့်ရင်တော့ သာမန်အလှတပ်မျက်မှန်တွေလိုမျိုးပါပဲ။ ဒါပေမဲ့ သေချာကြည့်မယ်ဆိုရင် မျက်မှန်ကိုင်းတံတွေပေါ်မှာ သေးငယ်တဲ့ကင်မရာတွေ တပ်ထားတာကို တွေ့ရမှာပါ။ တစ်လက်ကို အမေရိကန်ဒေါ်လာ ၃၆၄ ဒေါ်လာ တန်ဖိုးရှိတဲ့ မက်တာစမတ်ရေဘင်မျက်မှန်တွေရဲ့ ကင်မရာစနစ်ဟာ ဓာတ်ပုံနဲ့ ဗီဒီယိုကို စက္ကန့် ၆၀ ကြာ လျှို့ဝှက်ရိုက်ကူးပေးနိုင်ပါတယ်။
ပြီးတော့ အသိဉာဏ်တုနည်းပညာ (AI) ကိုပါ ပေါင်းစပ်ထည့်သွင်းထားတော့ မက်တာစမတ်မျက်မှန်တွေဟာ တပ်ဆင်ထားသူ တွေ့နေရတဲ့ အရာဝတ္ထုတွေ၊ နေရာတွေကို ခွဲခြားပေးနိုင်စွမ်း၊ အချိန်နဲ့တစ်ပြေးညီဘာသာပြန်ပေးနိုင်စွမ်းတွေလည်း ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။
မက်တာကုမ္ပဏီဟာ အဲသည့်စမတ်မျက်မှန်ကို စက်တင်ဘာ ၂၇ ရက်မှာ ဆီလီကွန်တောင်ကြားမှာ ကျင်းပခဲ့တဲ့ Meta connect 2023 ပြပွဲမှာ ထုတ်ဖော်ပြသခဲ့တာပါ။

#sdtimedaily