ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအတြင္းေရးမႈး၊အမ်ိဳးသမီးေရးရာတာဝန္ခံ ေဒါက္တာစန္းစန္းႏြယ္ ေက်ာက္ဆည္ခရိုင္အမ်ိဳးသမီးေရးရာေကာ္မတီမ်ား၊ ပါတီဝင္အမ်ိဳးသမီးမ်ားႏွင့္ ေတြ႕ဆုံ
ေက်ာက္ဆည္ ေအာက္တိုဘာ ၃
၃-၁၀-၂၀၂၃ ရက္ေန႔ ၁၀:၀၀မွ၁၁:၄၅ အခ်ိန္ထိ ေက်ာက္ဆည္ခရိုင္ ျပည္ခိုင္ၿဖိဳးပါတီ႐ုံးခန္းမတြင္ အမ်ိဳးသမီးေရးရာေကာ္မတီေတြ႕ဆုံပြဲျပဳလုပ္ခဲ့ရာ ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအတြင္းေရးမႈး၊အမ်ိဳးသမီးေရးရာတာဝန္ခံ ေဒါက္တာစန္းစန္းႏြယ္၊ဗဟိုအလုပ္အမႈေဆာင္ ေဒၚခင္ေရႊျမင့္ ဗဟိုအလုပ္အမႈေဆာင္၊မႏၲေလးတိုင္းေဒသႀကီးပါတီ ဥကၠဌ ဦးေအာင္ေက်ာ္မိုး၊တိုင္းေဒသႀကီးပါတီ အတြင္းေရးမႈး ဦးညြန္႔ေဆာင္၊ဘ႑ာေရးမႈး ေဒၚသိဂႌေအာင္၊တိုင္းေဒသႀကီးပါတီေကာ္မတီဝင္၊အမ်ိဳးသမီးက႑တာဝန္ခံ ေဒၚသန္းသန္းေအး၊တိုင္းေဒသႀကီးပါတီေကာ္မတီဝင္ ဦးေက်ာ္စန္း၊ဦးမ်ိဳးျမင့္၊ဦးစန္းျမင့္၊ေက်ာက္ဆည္ခရိုင္ပါတီဥကၠဌ ဦးေအာင္ျမင့္သန္းႏွင့္ေကာ္မတီဝင္မ်ား၊ေက်ာက္ဆည္ခရိုင္အတြင္းရွိ ေက်ာက္ဆည္၊စဥ့္ကိုင္၊ျမစ္သားၿမိဳ႕နယ္တို႔မွ ဥကၠဌ၊အတြင္းေရးမႈးႏွင့္ေကာ္မတီဝင္မ်ား၊အမ်ိဳးသမီးပါတီဝင္မ်ား၊First Time Voters မ်ား တက္ေရာက္ခဲ့ၾကပါသည္။
ေတြ႕ဆုံပြဲအား နိူင္ငံေတာ္အလံ အေလးျပဳကာ နိူင္ငံေတာ္သီခ်င္း သီဆိုဖြင့္လွစ္ခဲ့ၿပီး ပါတီဗဟိုအလုပ္အမႈေဆာင္၊တိုင္းေဒသႀကီးပါတီ ဥကၠဌ ဦးေအာင္ေက်ာ္မိုးက Project Cycle Management စီမံခ်က္ပါ လုပ္ငန္းစဥ္မ်ား အေကာင္အထည္ေဖာ္ေဆာင္ရြက္ရာတြင္ ပါတီဗဟိုဌာနခ်ဳပ္၏လမ္းညႊန္ခ်က္မ်ားႏွင့္အညီ ေဆာင္ရြက္ေရး၊လူငယ္/အမ်ိဳးသမီးပါတီဝင္အသစ္ တိုးခ်ဲ႕စည္း႐ုံးေဆာင္ရြက္ရာတြင္ စီမံခ်က္ေရးဆြဲ၍ စနစ္တက် ေဆာင္ရြက္ေရး၊ေဆာင္ရြက္ၿပီးစီးမႈ အေျခအေနမ်ားႏွင့္ပတ္သက္၍ သုံးသပ္ခ်က္ျပဳစု တင္ျပေရး၊လာမည့္ေရြးေကာက္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္မည့္ နိူင္ငံေရးပါတီမ်ား၏ လႈပ္ရွားေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ျပည့္မ႑ိဳင္က႑ လႈပ္ရွားမႈမ်ားကိုလည္း သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီေအာင္ ေဆာင္ရြက္သြားေရး ေဆြးေႏြး ေျပာၾကားခဲ့ပါသည္။
ဆက္လက္၍ တက္ေရာက္လာသည့္ ၿမိဳ႕နယ္ပါတီ ဥကၠဌ၊အတြင္းေရးမႈးမ်ားက အမ်ိဳးသမီးပါတီဝင္အသစ္ တိုးခ်ဲ႕စည္း႐ုံးေရး လုပ္ငန္းစဥ္ႏွင့္ပတ္သက္ၿပီး ေဆာင္ရြက္မည့္ အစီအစဥ္မ်ားႏွင့္ေဆာင္ရြက္ၿပီးစီးမႈ အေျခအေနမ်ားအား ရွင္းလင္းတင္ျပခဲ့ၾကပါသည္။
၎ေနာက္ တိုင္းေဒသႀကီးပါတီေကာ္မတီဝင္၊အမ်ိဳးသမီးက႑တာဝန္ခံ ေဒၚသန္းသန္းေအးက ၿမိဳ႕နယ္မ်ား၏ တင္ျပခ်က္မ်ားအေပၚ လိုအပ္သည္မ်ား ျဖည့္စြက္ရွင္းလင္းခဲ့ၿပီး ပါတီဝင္အသစ္ တိုးခ်ဲ႕စည္း႐ုံးေရး လုပ္ငန္းစဥ္မ်ား ေဆာင္ရြက္ေနမႈႏွင့္စည္း႐ုံးရရွိသည့္ ပါတီဝင္အသစ္ အေျခအေနမ်ားအား ရွင္းလင္းတင္ျပခဲ့ၿပီး ပါတီဗဟိုအလုပ္အမႈေဆာင္၊အမ်ိဳးသမီးေရးရာက႑ ေအာက္ျမန္မာျပည္တာဝန္ခံ ေဒၚခင္ေရႊျမင့္က Project Cycle Management လုပ္ငန္းစဥ္မ်ားႏွင့္ ျပည့္မ႑ိဳင္ေတြ႕ဆုံပြဲမ်ားအား ပါတီဗဟိုဌာနခ်ဳပ္၏ လမ္းညႊန္ခ်က္မ်ားႏွင့္အညီ ေဆာင္ရြက္သြားရန္၊က႑အားလုံး ေပါင္းစပ္၍ ဟန္ခ်က္ညီညီ ေဆာင္ရြက္သြားရန္၊စည္း႐ုံးရရွိၿပီး ပါတီဝင္အသစ္မ်ားထဲမွ အရည္အခ်င္းရွိေသာ ပါတီဝင္မ်ားအား စနစ္တက် ေလ့က်င့္ေပးသြားရန္၊ၿမိဳ႕နယ္မ်ားအတြင္း သက္ႀကီးရြယ္အိုမ်ားႏွင့္ မသန္စြမ္းသူမ်ားစာရင္းျပဳစုထားၿပီး ထိေတြ႕စည္း႐ုံးသြားရန္ ေဆြးေႏြးေျပာၾကားခဲ့ပါသည္။
၎ေနာက္ ပါတီဗဟို အတြင္းေရးမႈူ၊အမ်ိဳးသမီးေရးရာတာဝန္ခံ ေဒါက္တာစန္းစန္းႏြယ္က ပါတီဗဟိုဌာနခ်ဳပ္အေနျဖင့္ အသြင္သစ္ျဖင့္ဆက္ဆံေရးလုပ္ငန္းစဥ္ ခ်မွတ္ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ပါတီစည္း႐ုံး လႈပ္ရွားမႈႏွင့္ပတ္သက္၍လည္း ရက္(၉၀)စီမံခ်က္မ်ား ခ်မွတ္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္လ်က္ရွိေၾကာင္းေျပာၾကားခဲ့ၿပီး Project Cycle Management စီမံခ်က္ ေရးဆြဲေဆာင္ရြက္ရသည့္ ရည္ရြယ္ခ်က္ႏွင့္ လမ္းညႊန္ သတ္မွတ္ခ်က္မ်ားအား ေဆြးေႏြးေျပာၾကားခဲ့ကာ First Time Voters မ်ား စည္း႐ုံးသြားရန္၊အမ်ိဳးသမီး ပါတီဝင္အသစ္မ်ားအား စုစည္းေတြ႕ဆုံၿပီး ေဟာေျပာပြဲမ်ား ျပဳလုပ္သြားရန္၊အခ်င္းခ်င္း ခ်ိတ္ဆက္ ေဆာင္ရြက္နိူင္ေရးအတြက္ မီဒီယာကြန္ယက္ ဖြဲ႕စည္း ေဆာင္ရြက္သြားရန္ ေဆြးေႏြးေျပာၾကားခဲ့ပါသည္။
၎ေနာက္ တက္ေရာက္လာသူမ်ားမွ သိရွိလိုသည္မ်ား ေမးျမန္းမႈအေပၚ ပါတီဗဟို အတြင္းေရးမႈး၊အမ်ိဳးသမီးေရးရာ တာဝန္ခံ ေဒါက္တာစန္းစန္းႏြယ္က ျပန္လည္ရွင္းလင္း ေဆြးေႏြးခဲ့ေၾကာင္း သိရွိနိူင္ပါရန္ တင္ျပအပ္ပါသည္။
=======================
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှုး၊အမျိုးသမီးရေးရာတာဝန်ခံ ဒေါက်တာစန်းစန်းနွယ် ကျောက်ဆည်ခရိုင်အမျိုးသမီးရေးရာကော်မတီများ၊ ပါတီဝင်အမျိုးသမီးများနှင့် တွေ့ဆုံ
ကျောက်ဆည် အောက်တိုဘာ ၃
၃-၁၀-၂၀၂၃ ရက်နေ့ ၁၀:၀၀မှ၁၁:၄၅ အချိန်ထိ ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် အမျိုးသမီးရေးရာကော်မတီတွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှုး၊အမျိုးသမီးရေးရာတာဝန်ခံ ဒေါက်တာစန်းစန်းနွယ်၊ဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ရွှေမြင့် ဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီ ဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီ အတွင်းရေးမှုး ဦးညွန့်ဆောင်၊ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊တိုင်းဒေသကြီးပါတီကော်မတီဝင်၊အမျိုးသမီးကဏ္ဍတာဝန်ခံ ဒေါ်သန်းသန်းအေး၊တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးကျော်စန်း၊ဦးမျိုးမြင့်၊ဦးစန်းမြင့်၊ကျောက်ဆည်ခရိုင်ပါတီဥက္ကဌ ဦးအောင်မြင့်သန်းနှင့်ကော်မတီဝင်များ၊ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊စဥ့်ကိုင်၊မြစ်သားမြို့နယ်တို့မှ ဥက္ကဌ၊အတွင်းရေးမှုးနှင့်ကော်မတီဝင်များ၊အမျိုးသမီးပါတီဝင်များ၊First Time Voters များ တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲအား နိူင်ငံတော်အလံ အလေးပြုကာ နိူင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီ ဥက္ကဌ ဦးအောင်ကျော်မိုးက Project Cycle Management စီမံချက်ပါ လုပ်ငန်းစဥ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပါတီဗဟိုဌာနချုပ်၏လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရေး၊လူငယ်/အမျိုးသမီးပါတီဝင်အသစ် တိုးချဲ့စည်းရုံးဆောင်ရွက်ရာတွင် စီမံချက်ရေးဆွဲ၍ စနစ်တကျ ဆောင်ရွက်ရေး၊ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်ပတ်သက်၍ သုံးသပ်ချက်ပြုစု တင်ပြရေး၊လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်မည့် နိူင်ငံရေးပါတီများ၏ လှုပ်ရှားဆောင်ရွက်နေမှု အခြေအနေများ၊ပြည့်မဏ္ဍိုင်ကဏ္ဍ လှုပ်ရှားမှုများကိုလည်း သတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်သွားရေး ဆွေးနွေး ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာသည့် မြို့နယ်ပါတီ ဥက္ကဌ၊အတွင်းရေးမှုးများက အမျိုးသမီးပါတီဝင်အသစ် တိုးချဲ့စည်းရုံးရေး လုပ်ငန်းစဥ်နှင့်ပတ်သက်ပြီး ဆောင်ရွက်မည့် အစီအစဥ်များနှင့်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြပါသည်။
၎င်းနောက် တိုင်းဒေသကြီးပါတီကော်မတီဝင်၊အမျိုးသမီးကဏ္ဍတာဝန်ခံ ဒေါ်သန်းသန်းအေးက မြို့နယ်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းခဲ့ပြီး ပါတီဝင်အသစ် တိုးချဲ့စည်းရုံးရေး လုပ်ငန်းစဥ်များ ဆောင်ရွက်နေမှုနှင့်စည်းရုံးရရှိသည့် ပါတီဝင်အသစ် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင်၊အမျိုးသမီးရေးရာကဏ္ဍ အောက်မြန်မာပြည်တာဝန်ခံ ဒေါ်ခင်ရွှေမြင့်က Project Cycle Management လုပ်ငန်းစဥ်များနှင့် ပြည့်မဏ္ဍိုင်တွေ့ဆုံပွဲများအား ပါတီဗဟိုဌာနချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားရန်၊ကဏ္ဍအားလုံး ပေါင်းစပ်၍ ဟန်ချက်ညီညီ ဆောင်ရွက်သွားရန်၊စည်းရုံးရရှိပြီး ပါတီဝင်အသစ်များထဲမှ အရည်အချင်းရှိသော ပါတီဝင်များအား စနစ်တကျ လေ့ကျင့်ပေးသွားရန်၊မြို့နယ်များအတွင်း သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများစာရင်းပြုစုထားပြီး ထိတွေ့စည်းရုံးသွားရန် ဆွေးနွေးပြောကြားခဲ့ပါသည်။
၎င်းနောက် ပါတီဗဟို အတွင်းရေးမှုူ၊အမျိုးသမီးရေးရာတာဝန်ခံ ဒေါက်တာစန်းစန်းနွယ်က ပါတီဗဟိုဌာနချုပ်အနေဖြင့် အသွင်သစ်ဖြင့်ဆက်ဆံရေးလုပ်ငန်းစဥ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ပါတီစည်းရုံး လှုပ်ရှားမှုနှင့်ပတ်သက်၍လည်း ရက်(၉၀)စီမံချက်များ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့ပြီး Project Cycle Management စီမံချက် ရေးဆွဲဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် လမ်းညွှန် သတ်မှတ်ချက်များအား ဆွေးနွေးပြောကြားခဲ့ကာ First Time Voters များ စည်းရုံးသွားရန်၊အမျိုးသမီး ပါတီဝင်အသစ်များအား စုစည်းတွေ့ဆုံပြီး ဟောပြောပွဲများ ပြုလုပ်သွားရန်၊အချင်းချင်း ချိတ်ဆက် ဆောင်ရွက်နိူင်ရေးအတွက် မီဒီယာကွန်ယက် ဖွဲ့စည်း ဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့ပါသည်။
၎င်းနောက် တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပါတီဗဟို အတွင်းရေးမှုး၊အမျိုးသမီးရေးရာ တာဝန်ခံ ဒေါက်တာစန်းစန်းနွယ်က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိနိူင်ပါရန် တင်ပြအပ်ပါသည်။