=================================
ကန်ကြီးထောင့်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများနှင့်ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း တွေ့ဆုံ
ကန်ကြီးထောင့်စက်တင်ဘာ၂၇
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည်တိုင်းပါတီဥက္ကဋ္ဌဦးသိန်းထွန်း၊ တိုင်းအတွင်းရေးမှူးဒေါ်ခင်စောမူ၊ တိုင်းကော်မတီဝင်ဒေါက်တာထိန်ဝင်း၊ ကောင်မတီဝင်များအတူလိုက်ပါလျှက် ကန်ကြီးထောင့်မြို့နယ်၊မိချောင်းတရာအုပ်စုရွာသစ်ကုန်းကျေးရွာရှိဒေသခံပြည်သူများ နှင့်ရင်းနှီးနွေးထွေးစွာတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင်ဗဟိုအတွင်းရေးမှူးမှ တက်ရောက်လာသူများအားရင်တွင်းခံစားချက်များ၊ဖြစ်စေလိုမှုများရင်နှီးပွင့်လင်းစွာဆွေးနွေး ကြရန်နှင့်ပြည်သူများသိသင့်သည်များကိုရှင်းပြပါသည်။
ထို့နောက်တိုင်းပါတီဥက္ကဋ္ဌက တက်ရောက်လာသူများဝင်ငွေတိုးစေမည့်သီးနှံများစိုက်နည်းCropPatternသီးနှံပုံစံများကိုပြောပြရာတက်ရောက်လာသူများကစိတ်ဝင်စား နားထောင်၍အပြန်လှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။