ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ေငြက်ပ္ ၂ ဒသမ ၀၄၉ ဘီလီယံတန္ဖိုးရွိအိုက္စ္(မက္သ္အဖက္တမင္း) ၂၅၄ ကီလို သိမ္းဆည္းရမိ

 

စက္တင္ဘာ ၂၅
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕ နယ္တြင္ ေငြက်ပ္ ၂ ဒသမ ၀၄၉ ဘီလီယံ တန္ဖိုးရွိ အိုက္စ္ (မက္သ္အဖက္တမင္း) ၂၅၄ ကီလို သိမ္းဆည္းရမိခဲ့ေၾကာင္း ျမန္မာနိုင္ငံရဲတပ္ဖြဲ႕မွ
သိရသည္။
သတင္းအရရွာေဖြ
မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ စက္တင္ ဘာ ၂၀ ရက္ နံနက္ ၆ နာရီတြင္ ရွမ္း ျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မယ္ယန္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ က်ိဳင္းတုံမွ တာခ်ီလိတ္သို႔ စိုင္းမြန္း ေမာင္းႏွင္လာသည့္ LIFAN ေျမသယ္ယာဥ္အား သတင္းအရရွာေဖြရာ ယာဥ္ေပၚမွ ေငြက်ပ္ ၂ ဒသမ ၀၄၉ ဘီလီယံ တန္ ဖိုးရွိ စိတ္ေျပာင္းေဆးဝါးမ်ားျဖစ္သည့္ အိုက္စ္(မက္သ္အဖက္တမင္း) ၂၅၄ ကီလိုႏွင့္ ကက္တမင္း ၂ ကီလို သိမ္းဆည္းရမိခဲ့ၿပီး စစ္ေဆး ေဖာ္ထုတ္ခ်က္အရသိမ္းဆည္းရမိ စိတ္ေျပာင္းေဆးဝါးမ်ားအား က်ိဳင္းတုံမွ တာခ်ီလိတ္သို႔ သယ္ ေဆာင္ျခင္းျဖစ္ေၾကာင္း သိရွိရသျဖင့္ ၎အား ဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈ က်ဴး လြန္သူမ်ားအား ဆက္လက္စစ္ေဆး ေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

=======================

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၀၄၉ ဘီလီယံတန်ဖိုးရှိအိုက်စ်(မက်သ်အဖက်တမင်း) ၂၅၄ ကီလို သိမ်းဆည်းရမိ

စက်တင်ဘာ ၂၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ နယ်တွင် ငွေကျပ် ၂ ဒသမ ၀၄၉ ဘီလီယံ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၂၅၄ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ
သိရသည်။
သတင်းအရရှာဖွေ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင် ဘာ ၂၀ ရက် နံနက် ၆ နာရီတွင် ရှမ်း ပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျိုင်းတုံမှ တာချီလိတ်သို့ စိုင်းမွန်း မောင်းနှင်လာသည့် LIFAN မြေသယ်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ငွေကျပ် ၂ ဒသမ ၀၄၉ ဘီလီယံ တန် ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၂၅၄ ကီလိုနှင့် ကက်တမင်း ၂ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရသိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ကျိုင်းတုံမှ တာချီလိတ်သို့ သယ် ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူး လွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။