ပဲခူးတိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီမွ ပညာသင္ေထာက္ပံ့ေၾကးေပးအပ္ခ်ီးျမႇင့္

ပဲခူး
ပဲခူးတိုင္းေဒသႀကီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီမွ ပဲခူးၿမိဳနယ္အတြင္းရွိ တကၠသိုလ္တြင္ပညာသင္ၾကားေနေသာ လူငယ္မ်ားအား ပညာသင္ယူနိုင္ရန္အတြက္ ပညာသင္ေထာက္ပံ့ေၾကးေပးအပ္ခ်ီးျမႇင့္ပြဲအား စက္တင္ဘာလ ၁၇ ရက္ေန႔ နံနက္ပိုင္းက ပဲခူးၿမိဳ ေရႊေမာ္ေဓာဘုရားလမ္းရွိ ၿမိဳနယ္ျပည္ခိုင္ၿဖိဳးပါတီ႐ုံးအစည္းအေဝးခန္းမတြင္ က်င္းပျပဳလုပ္ခဲ့သည္။
ေရွးဦးစြာ တိုင္းေဒသႀကီးပါတီဥကၠ႒ဦးရဲျမင့္ထြန္းမွ ပညာသင္ေထာက္ပံ့ေၾကး ေပးအပ္ရျခင္း၏ရည္ရြယ္ခ်က္မ်ား ၊လူငယ္မ်ားအေပၚထားရွိေသာ သေဘာထား ေမၽွာ္မွန္းခ်က္မ်ား ၊ နိုင္ငံအတြက္ လူငယ္မ်ားအေရးပါေသာခန္းက႑မ်ားကိုအက်ယ္တစ္ဝင့္အေသးစိတ္ေျပာၾကားခဲ့သည္။ တိုင္းပါတီေကာ္မတီဝင္ေဒါက္တာသန္႔ေဇာ္လြင္မွ လူငယ္မ်ားႏွင့္ပညာေရးအခြင့္အလမ္း ၊ေမၽွာ္မွန္းခ်က္ ၊ ပညာေရးႏွင့္အလုပ္အကိုင္အခြင့္အလမ္း စသည္တိုကိုေျပာၾကားခဲ့ၿပီး တိုင္းေကာ္မတီဝင္ေဒါက္တာထူးျခားေအာင္မွ လူငယ္ႏွင့္ဝါသနာ ၊ လူငယ္ႏွင့္ အလုပ္အကိုင္ေရြးခ်ယ္မႈစသည့္တိုကိုေျပာၾကားခဲ့သည္။ ပဲခူးၿမိဳနယ္ပါတီဥကၠ႒ဦးမင္းခန္႔ေက်ာ္မွ ပညာသင္ ေထာက္ပံ့ခ်ီးျမႇင့္ရျခင္း၏လုပ္ငန္းစဥ္ ၊စီစစ္ေရႊးခ်ယ္မႈ၊ စည္းကမ္းသတ္မွတ္ခ်က္မ်ားအားေျပာၾကားခဲ့သည္။ ေက်ာင္းသား / ေက်ာင္းသူမ်ားကိုယ္စား ေက်ာင္းသားမိဘတစ္ဦးမွ ေက်းဇူးတင္ဝမ္းေျမာက္စကား ေျပာၾကားခဲ့ၿပီး သတ္မွတ္စီစစ္ေရႊးခ်ယ္ထားေသာ ေက်ာင္းသား/ ေက်ာင္းသူမ်ားအား တာဝန္ရွိသူမ်ားမွ ပညာသင္ေထာက္ပံ့ခ်ီးျမႇင့္ေငြမ်ားအား အသီးသီးေပးအပ္ခ်ီးျမႇင့္ခဲ့ၿပီး ရင္းႏွီးခ်စ္ၾကည္စြာေန႔လယ္စာအတူတကြသုံးေဆာင္ခဲ့ၾကသည္။
ပဲခူးတိုင္းေဒသႀကီး(အေရွ႕) ျပည္ခိုင္ၿဖိဳးပါတီအေနျဖင့္ တကၠသိုလ္မ်ားတြင္လူငယ္မ်ား ပညာသင္ၾကားနိုင္ရန္အတြက္စီစစ္ေရးအဖြဲမ်ားဖြဲစည္း၍ စံႏႈန္းမ်ားသတ္မွတ္ကာ ေဝါၿမိဳနယ္ ၊ သနပ္ပင္ၿမိဳနယ္ ၊ ပဲခူးၿမိဳနယ္တိုတြင္ ပညာသင္ေထာက္ပံ့ေၾကးမ်ား ေပးအပ္ခ်ီးျမႇင့္လၽွက္ရွိသည္။

========================

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ပညာသင်ထောက်ပံ့ကြေးပေးအပ်ချီးမြှင့်

ပဲခူး
ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ပဲခူးမြိုနယ်အတွင်းရှိ တက္ကသိုလ်တွင်ပညာသင်ကြားနေသော လူငယ်များအား ပညာသင်ယူနိုင်ရန်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ချီးမြှင့်ပွဲအား စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို ရွှေမော်ဓောဘုရားလမ်းရှိ မြိုနယ်ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးရဲမြင့်ထွန်းမှ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရခြင်း၏ရည်ရွယ်ချက်များ ၊လူငယ်များအပေါ်ထားရှိသော သဘောထား မျှော်မှန်းချက်များ ၊ နိုင်ငံအတွက် လူငယ်များအရေးပါသောခန်းကဏ္ဍများကိုအကျယ်တစ်ဝင့်အသေးစိတ်ပြောကြားခဲ့သည်။ တိုင်းပါတီကော်မတီဝင်ဒေါက်တာသန့်ဇော်လွင်မှ လူငယ်များနှင့်ပညာရေးအခွင့်အလမ်း ၊မျှော်မှန်းချက် ၊ ပညာရေးနှင့်အလုပ်အကိုင်အခွင့်အလမ်း စသည်တိုကိုပြောကြားခဲ့ပြီး တိုင်းကော်မတီဝင်ဒေါက်တာထူးခြားအောင်မှ လူငယ်နှင့်ဝါသနာ ၊ လူငယ်နှင့် အလုပ်အကိုင်ရွေးချယ်မှုစသည့်တိုကိုပြောကြားခဲ့သည်။ ပဲခူးမြိုနယ်ပါတီဥက္ကဋ္ဌဦးမင်းခန့်ကျော်မှ ပညာသင် ထောက်ပံ့ချီးမြှင့်ရခြင်း၏လုပ်ငန်းစဥ် ၊စီစစ်ရွှေးချယ်မှု၊ စည်းကမ်းသတ်မှတ်ချက်များအားပြောကြားခဲ့သည်။ ကျောင်းသား / ကျောင်းသူများကိုယ်စား ကျောင်းသားမိဘတစ်ဦးမှ ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့ပြီး သတ်မှတ်စီစစ်ရွှေးချယ်ထားသော ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများမှ ပညာသင်ထောက်ပံ့ချီးမြှင့်ငွေများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ရင်းနှီးချစ်ကြည်စွာနေ့လယ်စာအတူတကွသုံးဆောင်ခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး(အရှေ့) ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တက္ကသိုလ်များတွင်လူငယ်များ ပညာသင်ကြားနိုင်ရန်အတွက်စီစစ်ရေးအဖွဲများဖွဲစည်း၍ စံနှုန်းများသတ်မှတ်ကာ ဝေါမြိုနယ် ၊ သနပ်ပင်မြိုနယ် ၊ ပဲခူးမြိုနယ်တိုတွင် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ချီးမြှင့်လျှက်ရှိသည်။