တားျမစ္ေဆး သုံးစြဲသည့္ ေပါ့ဘာ ႏွစ္ရွည္ပြဲပယ္ခံရဖြယ္ရွိ

ဂ်ဴဗင္တပ္စ္ကြင္းလယ္လူ ေပါ့ဘာဟာတားျမစ္ေဆးသုံးစြဲေၾကာင္း စြဲခ်က္တင္ခံထားရလို႔ပြဲကစားခြင့္ဆိုင္းငံ့ခံထားရၿပီး ျပစ္မႈထင္ရွားရင္ ႏွစ္ရွည္ပြဲပယ္ခံရဖြယ္ရွိပါတယ္။
ၿပီးခဲ့တဲ့ၾသဂုတ္ ၂၀ ရက္မွာ ဂ်ဴဗင္တပ္က အူဒီးနိစ္အသင္းကို ၃ ဂိုး ဂိုးမရွိနဲ႔ အနိုင္ရခဲ့တဲ့ပြဲအၿပီးမွာ အီတလီ တားျမစ္ေဆးတိုက္ဖ်က္ေရးအဖြဲ႕က က်ပန္းစနစ္နဲ႔ ေရြးခ်ယ္ၿပီး ေပါ့ဘာကို စစ္ေဆးခဲ့ပါတယ္။
ထြက္ေပၚလာတဲ့ ရလဒ္ေတြအရ ေပါ့ဘာဟာ အားကစားသမားေတြရဲ့ ခံနိုင္ရည္ကို တိုးျမႇင့္ေစတဲ့ စတီးရြိဳက္စ္ေဟာ္မုန္းတစ္ခုျဖစ္တဲ့ တက္စ္တိုစထ႐ုန္း အသုံးျပဳထားေၾကာင္း စစ္ေဆး ေတြ႕ရွိခဲ့တာလည္းျဖစ္ပါတယ္။

=============================

တားမြစ်ဆေး သုံးစွဲသည့် ပေါ့ဘာ နှစ်ရှည်ပွဲပယ်ခံရဖွယ်ရှိ

ဂျူဗင်တပ်စ်ကွင်းလယ်လူ ပေါ့ဘာဟာတားမြစ်ဆေးသုံးစွဲကြောင်း စွဲချက်တင်ခံထားရလို့ပွဲကစားခွင့်ဆိုင်းငံ့ခံထားရပြီး ပြစ်မှုထင်ရှားရင် နှစ်ရှည်ပွဲပယ်ခံရဖွယ်ရှိပါတယ်။
ပြီးခဲ့တဲ့သြဂုတ် ၂၀ ရက်မှာ ဂျူဗင်တပ်က အူဒီးနိစ်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ အီတလီ တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့က ကျပန်းစနစ်နဲ့ ရွေးချယ်ပြီး ပေါ့ဘာကို စစ်ဆေးခဲ့ပါတယ်။
ထွက်ပေါ်လာတဲ့ ရလဒ်တွေအရ ပေါ့ဘာဟာ အားကစားသမားတွေရဲ့ ခံနိုင်ရည်ကို တိုးမြှင့်စေတဲ့ စတီးရွိုက်စ်ဟော်မုန်းတစ်ခုဖြစ်တဲ့ တက်စ်တိုစထရုန်း အသုံးပြုထားကြောင်း စစ်ဆေး တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။