ပါကစၥတန္တြင္ ခရစ္ယာန္ဘုရားေက်ာင္းမ်ား ဖ်က္ဆီးခံရ
ပါကစၥတန္နိုင္ငံအေရွ႕ပိုင္းမွာ ခရစ္ယာန္အသိုက္အဝန္းတစ္ခုကို အစၥလာမ္ဘာသာဝင္လူအုပ္ႀကီးက ဝင္ေရာက္ ဖ်က္ဆီးမႈ ဗုဒၶဟူးေန႔က ျဖစ္ပြားခဲ့ပါတယ္။ အဲဒီခရစ္ယာန္အသိုက္အဝန္းထဲက လူ ၂ ေယာက္ဟာ ကိုရန္က်မ္းစာ ကို ေစာ္ကားခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ခရစ္ယာန္ဘုရားေက်ာင္းေတြ ဖ်က္ဆီးခံရတာျဖစ္ၿပီး လူေနအိမ္ေတြလည္း မီးရွို႔ခံခဲ့ရတာပါ။ ပါကစၥတန္ရဲတပ္ဖြဲ႕က ဂ်ရန္ဝါလာေဒသက ခရစ္ယာန္ ၂ ေယာက္ကို ဘာသာေရးေစာ္ကားမႈနဲ႔ စြပ္စြဲခဲ့ၿပီး သူတို႔ကိုလူအုပ္က တိုက္ခိုက္ခဲ့တာလို႔ ေျပာပါတယ္။
ဒီအတြက္ စြပ္စြဲခံရတဲ့ ခရစ္ယာန္ ၂ ေယာက္ဟာ မိသားစုေတြကိုေခၚၿပီး လြတ္ရာကို ထြက္ေျပးေနရတယ္လို႔လည္း ရဲကေျပာပါတယ္။ ပါကစၥတန္ရဲတပ္ဖြဲ႕ရဲ့ မွတ္တမ္းမွာေတာ့ ကိုရန္က်မ္းစာအုပ္ေပၚမွာ မေလ်ာ္ကန္တဲ့ မွတ္ခ်က္ ေတြကို မင္နီနဲ႔ ေရးျခစ္ထားတာကို ေတြ႕ထားတယ္လို႔ ေဖာ္ျပထားပါတယ္။ ခရစ္ယာန္အိမ္ေတြနဲ႔ ဘုရားေက်ာင္း ေတြကိုဖ်က္ဆီးခဲ့တဲ့ လူအုပ္ႀကီးကို တဲရီးခ္အီးလဘိုက္ခ္ ပါကစၥတန္ လို႔ေခၚတဲ့ အစၥလာမ္မစ္နိုင္ငံေရးပါတီ (TLP) ရဲ့ ေဒသခံဘာသာေရးဆရာေတြက ဦးေဆာင္ခဲ့တယ္လို႔ ပါကစၥတန္အစိုးရ သတင္းရင္းျမစ္တစ္ခုကေဖာ္ျပခဲ့ပါ တယ္။
အဲဒီေျပာဆိုမႈကို TLP ပါတီဘက္ကေတာ့ ပယ္ခ်ထားပါတယ္။ ပါကစၥတန္နိုင္ငံမွာ ဘာသာေရးေစာ္ကားမႈဟာ ေသဒဏ္ထိုက္တဲ့ျပစ္မႈျဖစ္ၿပီး လက္ရွိအခ်ိန္ထိေတာ့ ေသဒဏ္ေပးခံရသူမရွိေသးပါဘူး။ ဒါေပမဲ့ ေဒါသထြက္ေနတဲ့ လူအုပ္ႀကီးေတြရဲ့လက္ခ်က္နဲ႔ လူျမင္ကြင္းမွာ စြပ္စြဲခံရသူေတြ သတ္ျဖတ္ခံရတဲ့ သာဓကေတြ အမ်ားအျပား ရွိထားပါတယ္။ ပါကစၥတန္အိမ္ေစာင့္အစိုးရအဖြဲ႕ရဲ့ ဝန္ႀကီးခ်ဳပ္ အန္ဝါအူလ္ဟက္ခ္ကာကာ ကေတာ့ ဗုဒၶဟုးေန႔က ျဖစ္ပြားခဲ့တဲ့ ဆူပူအၾကမ္းဖက္မႈအတြက္ တာဝန္ရွိသူေတြကို ျပင္းထန္စြာ အေရးယူဖို႔ ေတာင္းဆိုထားပါတယ္။ #one
=================================
ပါကစ္စတန်တွင် ခရစ်ယာန်ဘုရားကျောင်းများ ဖျက်ဆီးခံရ
ပါကစ္စတန်နိုင်ငံအရှေ့ပိုင်းမှာ ခရစ်ယာန်အသိုက်အဝန်းတစ်ခုကို အစ္စလာမ်ဘာသာဝင်လူအုပ်ကြီးက ဝင်ရောက် ဖျက်ဆီးမှု ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့ပါတယ်။ အဲဒီခရစ်ယာန်အသိုက်အဝန်းထဲက လူ ၂ ယောက်ဟာ ကိုရန်ကျမ်းစာ ကို စော်ကားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ ဖျက်ဆီးခံရတာဖြစ်ပြီး လူနေအိမ်တွေလည်း မီးရှို့ခံခဲ့ရတာပါ။ ပါကစ္စတန်ရဲတပ်ဖွဲ့က ဂျရန်ဝါလာဒေသက ခရစ်ယာန် ၂ ယောက်ကို ဘာသာရေးစော်ကားမှုနဲ့ စွပ်စွဲခဲ့ပြီး သူတို့ကိုလူအုပ်က တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
ဒီအတွက် စွပ်စွဲခံရတဲ့ ခရစ်ယာန် ၂ ယောက်ဟာ မိသားစုတွေကိုခေါ်ပြီး လွတ်ရာကို ထွက်ပြေးနေရတယ်လို့လည်း ရဲကပြောပါတယ်။ ပါကစ္စတန်ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းမှာတော့ ကိုရန်ကျမ်းစာအုပ်ပေါ်မှာ မလျော်ကန်တဲ့ မှတ်ချက် တွေကို မင်နီနဲ့ ရေးခြစ်ထားတာကို တွေ့ထားတယ်လို့ ဖော်ပြထားပါတယ်။ ခရစ်ယာန်အိမ်တွေနဲ့ ဘုရားကျောင်း တွေကိုဖျက်ဆီးခဲ့တဲ့ လူအုပ်ကြီးကို တဲရီးခ်အီးလဘိုက်ခ် ပါကစ္စတန် လို့ခေါ်တဲ့ အစ္စလာမ်မစ်နိုင်ငံရေးပါတီ (TLP) ရဲ့ ဒေသခံဘာသာရေးဆရာတွေက ဦးဆောင်ခဲ့တယ်လို့ ပါကစ္စတန်အစိုးရ သတင်းရင်းမြစ်တစ်ခုကဖော်ပြခဲ့ပါ တယ်။
အဲဒီပြောဆိုမှုကို TLP ပါတီဘက်ကတော့ ပယ်ချထားပါတယ်။ ပါကစ္စတန်နိုင်ငံမှာ ဘာသာရေးစော်ကားမှုဟာ သေဒဏ်ထိုက်တဲ့ပြစ်မှုဖြစ်ပြီး လက်ရှိအချိန်ထိတော့ သေဒဏ်ပေးခံရသူမရှိသေးပါဘူး။ ဒါပေမဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးတွေရဲ့လက်ချက်နဲ့ လူမြင်ကွင်းမှာ စွပ်စွဲခံရသူတွေ သတ်ဖြတ်ခံရတဲ့ သာဓကတွေ အများအပြား ရှိထားပါတယ်။ ပါကစ္စတန်အိမ်စောင့်အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ် အန်ဝါအူလ်ဟက်ခ်ကာကာ ကတော့ ဗုဒ္ဓဟုးနေ့က ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုအတွက် တာဝန်ရှိသူတွေကို ပြင်းထန်စွာ အရေးယူဖို့ တောင်းဆိုထားပါတယ်။ #one