ျမန္ေအာင္ၿမိဳ႕တြင္ ဧရာဝတီျမစ္ကမ္းပါးၿပိဳက်မႈေၾကာင့္ အိမ္ေထာင္စု ၅ စု ေနအိမ္မ်ားကို ဖ်က္ၿပီး ေနရာေရႊ႕ေျပာင္းေပးခဲ့ရ
ၾသဂုတ္ ၃
ဧရာဝတီတိုင္းေဒသႀကီး၊ ျမန္ေအာင္ခရိုင္၊ ျမန္ေအာင္ၿမိဳ႕၊ အမွတ္(၁)ရပ္ကြက္၊ မက်ီးစုကမ္း နားတန္း)တြင္ ယမန္ေန႔ ည ၁၀ နာရီအခ်ိန္ခန္႔က ဧရာဝတီျမစ္ကမ္းပါးၿပိဳက်ခဲ့ေၾကာင္း၊ ထိုသိုၿပိဳက်မႈေၾကာင့္ ဧရာဝတီျမစ္ကမ္းေဘး ေနထိုင္ၾက ေသာ အိမ္ေထာင္စု ၅ စု၊ လူႀကီး ၁၂ ဦး၊ ကေလး ၅ ဦးတို႔သည္ ၎တို႔၏ေနအိမ္မ်ားကို ယေန႔နံနက္ပိုင္းတြင္ ဖ်က္ကာ ဆည္ေျမာင္းဦးစီးဌာနပိုင္ ယာယီရွင္းလင္းေဆာင္(မက်ီးစုကမ္းနားေဘးဖက္၊အမွတ္(၁)ရပ္ကြက္)သို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးႏွင့္ ရပ္ကြက္ရာအိမ္မႉးမ်ားက ေျပာင္းေရႊ႕ေပးထားေၾကာင္း သိရပါသည္။
အဆိုပါ ဖ်က္လိုက္ရေသာ လူေနအိမ္မ်ားကို ျမန္မာ့မီးရထားပိုင္ေျမေပၚတြင္ ယာယီျပန္ လည္တည္ေဆာက္ခြင့္ျပဳရန္ အထက္ဌာနသို႔တင္ျပထားေၾကာင္း၊ ဧရာဝတီျမစ္ေရမွာ ယခင္ရက္ပိုင္းမ်ားက ျမင့္တက္ခဲ့ေသာ္လည္း ယခုရက္ပိုင္းအတြင္း ျပန္လည္က်ဆင္းေနေၾကာင္း သတင္းရရွိပါသည္။
=============================================
မြန်အောင်မြို့တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် အိမ်ထောင်စု ၅ စု နေအိမ်များကို ဖျက်ပြီး နေရာရွှေ့ပြောင်းပေးခဲ့ရ
သြဂုတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ မကျီးစုကမ်း နားတန်း)တွင် ယမန်နေ့ ည ၁၀ နာရီအချိန်ခန့်က ဧရာဝတီမြစ်ကမ်းပါးပြိုကျခဲ့ကြောင်း၊ ထိုသိုပြိုကျမှုကြောင့် ဧရာဝတီမြစ်ကမ်းဘေး နေထိုင်ကြ သော အိမ်ထောင်စု ၅ စု၊ လူကြီး ၁၂ ဦး၊ ကလေး ၅ ဦးတို့သည် ၎င်းတို့၏နေအိမ်များကို ယနေ့နံနက်ပိုင်းတွင် ဖျက်ကာ ဆည်မြောင်းဦးစီးဌာနပိုင် ယာယီရှင်းလင်းဆောင်(မကျီးစုကမ်းနားဘေးဖက်၊အမှတ်(၁)ရပ်ကွက်)သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ရာအိမ်မှူးများက ပြောင်းရွှေ့ပေးထားကြောင်း သိရပါသည်။
အဆိုပါ ဖျက်လိုက်ရသော လူနေအိမ်များကို မြန်မာ့မီးရထားပိုင်မြေပေါ်တွင် ယာယီပြန် လည်တည်ဆောက်ခွင့်ပြုရန် အထက်ဌာနသို့တင်ပြထားကြောင်း၊ ဧရာဝတီမြစ်ရေမှာ ယခင်ရက်ပိုင်းများက မြင့်တက်ခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ပြန်လည်ကျဆင်းနေကြောင်း သတင်းရရှိပါသည်။