#ပြည်ခိုင်ဖြိုး
========================================
မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲပြုလုပ်
(၁.၈.၂၀၂၃)ရက် ဝါဆိုလပြည့်နေ့ နံနက်(၁၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီရုံး၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မဟာဝိဇိတာရုံကျောင်းတိုက်၊ တိုက်ကြပ်ဆရာတော် ဘဒ္ဒန္တယာနိကအမှူးပြုသောသံဃာတော်(၅)ပါးကြွရောက်တော်မူပြီးဧည့်ပရိတ်သတ်များက ဆရာတော်ဘဒ္ဒန္တယာနိကထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြပါသည်။
၎င်းနောက်ဆရာတော်၊သံဃာတော်များမှ အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ဆရာတော်၊သံဃာတော်များအား တာဝန်ရှိသူများက လှုဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
၎င်းနောက် ဆရာတော်ဘဒ္ဒန္တယာနိကထံမှရေစက်ချတရား နာယူကြည်ညိုကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတန်းပေးဝေခဲ့ကြကာ ဆရာတော်သံဃာတော်များအားနေ့ဆွမ်း၊အချိုပွဲများဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
ယနေ့ကျင်းပပြုလုပ်သည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌဦးအောင်ကျော်မိုးနှင့်ဇနီးဒေါ်ချယ်ရီစိုးသိန်း၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်နှင့်ဇနီးဒေါ်မွှေးမွှေး၊ တိုင်းပါတီဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊အောင်မြေသာစံခရိုင်၊မဟာအောင်မြေခရိုင်၊အမရပူရခရိုင်တိုမှဥက္ကဌ၊အတွင်းရေးမှုးများ၊မြိုနယ်ဥက္ကဌများ၊အတွင်းရေးမှုးများ၊တိုင်းပါတီအထောက်အကူပြုအဖွဲဝင်များ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။
#ပြည်ခိုင်ဖြိုး
#မန္တလေးတိုင်းဒေသကြီး
#သတင်းထုတ်ပြန်ရေးအဖွဲ