ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ၊ ပင္းတယၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳး႐ုံးတြင္ ဝါဆိုသကၤန္းဆက္ကပ္လႉဒါန္းျခင္းႏွင့္ ႐ုံးဖြင့္ပြဲက်င္းပ

ပင္းတယ ဇူလိုင္ ၃၀
၂၀၂၃ခုႏွစ္ ဇူလိုင္လ ၃၀ ရက္ေန႔ နံနက္ ၀၉၀၀ခ်ိန္တြင္ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ၊ ပင္းတယၿမိဳနယ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ မွ ႐ုံးဖြင့္ပြဲႏွင့္ ဝါဆိုသကၤန္းဆက္ကပ္လႉဒါန္းပြဲ အခမ္းအနားသို ရွမ္းျပည္နယ္ေတာင္ပိုင္း ျပည္နယ္ပါတီဥကၠ႒ ဦးစိုင္းလုံေက်ာ္(ဗဟိုအလုပ္အမႈ ေဆာင္)၊ျပည္နယ္ပါတီေကာ္မတီဝင္ ဦးအာကာလင္း(ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဥကၠ႒)၊ဓႏုေဒသ ပါတီဥကၠ႒ ဦးရာဇာၿငိမ္းခ်မ္း၊ ၿမိဳနယ္ပါတီ ယာယီဥကၠ႒ဦးေနဝင္းႏွင့္ ၿမိဳနယ္ပါတီေကာ္မတီဝင္မ်ား၊ ရပ္ေက်းပါတီဝင္မ်ား စုစုေပါင္း(၃၀)ဦး တက္ေရာက္ၾကေၾကာင္း သိရွိရပါသည္။
အဆိုပါ အခမ္းအနားတြင္ ဆရာေတာ္ သံဃာေတာ္မ်ားအား ဝါဆိုသကၤန္းဆက္ကပ္လႉဒါန္းျခင္း ၊ေအာ္ေယာေက်ာင္း ဆရာေတာ္ထံမွ ငါးပါးသီလခံယူေဆာက္တည္ျခင္း၊ပရိတ္တရားေတာ္မ်ား နာယူျခင္း၊ ဆြမ္း၊ခဲဖြယ္၊ေဘာဇဥ္ႏွင့္ လႉဖြယ္ဝတၳဳမ်ား ဆက္ကပ္လႉဒါန္းခဲ့ပါသည္။

=========================================

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ပင်းတယမြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ရုံးဖွင့်ပွဲကျင်းပ

ပင်းတယ  ဇူလိုင်  ၃၀

၂၀၂၃ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၀၉၀၀ချိန်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ပင်းတယမြိုနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ မှ ရုံးဖွင့်ပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို ရှမ်းပြည်နယ်တောင်ပိုင်း ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းလုံကျော်(ဗဟိုအလုပ်အမှု ဆောင်)၊ပြည်နယ်ပါတီကော်မတီဝင် ဦးအာကာလင်း(ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ)၊ဓနုဒေသ ပါတီဥက္ကဋ္ဌ ဦးရာဇာငြိမ်းချမ်း၊ မြိုနယ်ပါတီ ယာယီဥက္ကဋ္ဌဦးနေဝင်းနှင့် မြိုနယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဝင်များ စုစုပေါင်း(၃၀)ဦး တက်ရောက်ကြကြောင်း သိရှိရပါသည်။

အဆိုပါ အခမ်းအနားတွင် ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း ၊အော်ယောကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ပရိတ်တရားတော်များ နာယူခြင်း၊ ဆွမ်း၊ခဲဖွယ်၊ဘောဇဉ်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။