ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၇/၂၀၂၃) ပြုလုပ်

ဇူလိုင် ၅၊ နေပြည်တော်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ စုံညီအစည်း အဝေး(၇/၂၀၂၃)ကို ဇူလိုင်လ ၅ ရက်နေ့မှ ဇူလိုင် လ ၇ ရက်နေ့ထိ ပါတီဌာနချုပ် အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ အဖွင့်အမှာစကားပြောကြားခဲ့ရာ “နိုင်ငံတော်တည်ရှိနေသရွေ့ ပါတီတည်တံ့ခိုင်မြဲရေး၊ ပါတီဝင်အင်အားများ တောင့်တင်းကျစ်လစ်ခိုင်မာရေး၊ ပါတီဝင်အသစ်များ တိုးတက်ရရှိရေးနှင့် ပါတီမှဆောင် ရွက်နေသည့်လုပ်ငန်းကိစ္စများ” ကို ပြောကြားခဲ့ပါသည်။ ၄င်းနောက် တိုင်းဒေသကြီး/ပြည်နယ် ပါတီဥက္ကဋ္ဌများက ရက် ၉၀ စီမံချက် အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေ အနေများနှင့် နယ်မြေအလိုက် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံ စာများ တင်သွင်းခဲ့ကြပြီး ကဏ္ဍကြီး ၈ ရပ် ဆိုင်ရာဌာနကြီးများ/ရေးရာကော်မတီများ၏ တာဝန်ခံဗဟိုအလုပ်အမှုဆောင်များက သက် ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြကြပါသည်။
ထို့နောက် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းတို့မှ တိုင်းဒေသကြီး/ ပြည်နယ်များ၏ တင်ပြမှုများ၊ ဌာနကြီးများ/ရေးရာကော်မတီများ၏ တင်ပြမှုများအပေါ် ဆွေးနွေးမှာကြားခဲ့ပြီး ပါတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား ရုတ်သိမ်းခဲ့ပါသည်။