အိုင်ယာလန်က အရက်ပုလင်းတွေမှာ ကင်ဆာရောဂါသတိပေးချက် ထည့်သွင်းခိုင်းတဲ့ ကမ္ဘာ့ပထမဆုံး နိုင်ငံဖြစ်လာ

အယ်လ်ကိုဟောပါဝင်တဲ့ သောက်စရာတွေမှာ ကင်ဆာရောဂါသတိပေးချက် ထည့်သွင်းဖို့ လိုအပ်တဲ့ ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့ပြီးနောက် အိုင်ယာလန်နိုင်ငံက အဲဒီလို သတ်မှတ်တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာပါတယ်။
ကျန်မာရေးဝန်ကြီး စတီဖင်ဒေါ်နယ်လီ က လက်မှတ်ရေးထိုးခဲ့တဲ့ ပြည်သူ့ကျန်းမာရေးအတွက် အယ်လ်ကိုဟော တံဆိပ်ပြဌာန်းချက်အရ အမှတ်တံဆိပ်ကပ်တဲ့ နေရာမှာ ပါဝင်တဲ့ အယ်လ်ကိုဟောပမာဏ ၊ ကယ်လိုရီပမာဏ ၊ ကင်ဆာရောဂါ နဲ့ အသည်းရောဂါအန္တရာယ်အကြောင်း ၊ ကိုယ်ဝန်ဆောင်များအတွက် အန္တရာယ် စတဲ့ အကြာင်းအရာတွေနဲ့ သတိပေးစာ ပါဝင်ရမှာ ဖြစ်ပါတယ်။
အသက်ဝင်လာတဲ့ ဥပဒေက အသစ်အဆန်းလို့ မဆိုနိုင်ကြောင်း နဲ့ ကျန်းမာရေးအန္တရာယ် သတိပေးချက်တွေ ထည့်သွင်းရတဲ့ အခြားထုတ်ကုန်တွေနည်းတူ အယ်လ်ကိုဟောပါတဲ့ ထုတ်ကုန်တွေကိုလည်း ကျန်းမာရေး ထိခိုက်နိုင်မှုကို သတိပေးချက် ထည့်သွင်းခိုင်းခြင်းပင် ဖြစ်ကြောင်း ဝန်ကြီး ဒေါ်နယ်လီ က မှတ်ချက်ပြုခဲ့ပါတယ်။
အိုင်ယာလန်ရဲ့ အငြင်းပွားဖွယ်ရာ ဥပဒေနဲ့ ပတ်သက်လို့ အရက်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေက ကန့်ကွက်ခဲ့ပေမယ့်လည်း ဥရောပသမဂ္ဂ နဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး က ခွင့်ပြုချက်ပေးခဲ့ကြောင်း သိရပါတယ်။
ဒီဥပဒေအရ သတိပေးချက်တွေကို အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေအားလုံးမှာ ထည့်သွင်းရမှာ ဖြစ်သလို ကြော်ငြာဆိုင်းဘုတ် ၊ အရက်ရောင်းချတဲ့ဆိုင်တွေ နဲ့ ဘားတွေမှာလည်း ပြသထားရမှာ ဖြစ်ပါတယ်။
-Ref: UPI