ပြည်သူ့ဆက်ဆံရေး အထောက်အကူပြု (ဆင့်ပွား)သင်တန်း ဖွင့်လှစ်

တောင်ကြီး မေ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော ပြည်သူ့ဆက်ဆံရေး အထောက်အကူပြု(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁)ကို (၁၂.၅.၂၀၂၃)ရက်နေ့ နံနက် (၀၉:၀၀)နာရီချိန် ပြည်နယ်ပါတီရုံး သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပါတီဥက္ကဋ္ဌဦးစိုင်းလုံကျော်မှ အဖွင့်အမှာစကားပြောကြားပြီး ခေတ္တအတွင်းရေးမှူး ဦးစိန်လေးမောင်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို ပြည်နယ်ပါတီကော်မတီဝင်များ ၊ခရိုင်ကော်မတီဝင်များနှင့် တောင်ကြီးမြိုနယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်မြိုနယ်ကော်မတီဝင်များတက်ရောက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို (၁၀:၀၀)ချိန်တွင်ရုတ်သိမ်းကာ အမှတ်တရမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရှိရပါသည်။
အဆိုပါသင်တန်းသို ရှမ်းပြည်နယ်တောင်ပိုင်းရှိ ခရိုင်၊မြိုနယ်များမှ မီဒီယာတာဝန်ခံများ၊လူငယ်နှင့်အမျိုးသမီးများ စုစုပေါင်းသင်တန်းသား (၂၇)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ နှစ်ရက်ဖြစ်ကြောင်းသိရှိရပါသည်။