မလေးရှားနှင့် အင်ဒိုနီးရှားကို အကြမ်းဖက်မည်ဟု ခြိမ်းခြာက်သည့် ဗီဒီယိုဖိုင် အိုင်အက်စ်ထုတ်လွှင့်
မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက်လုပ်ဆောင်သွားမယ့် အကြောင်း အိုင်အက်စ် စစ်သွေးကြွ အဖွဲ့က ဗီဒီယိုဖိုင်တစ်ခု ထုတ်လွှင့်ပြီး စစ်ကြေညာလိုက်ပါတယ်။ ကလေးငယ်ပေါင်းများစွာက AK-47 သေနတ်တွေကိုင်ထားတဲ့ မြင်ကွင်းတွေ၊ သေနတ်တွေ ပစ်ခတ်နေတဲ့ မြင်ကွင်းတွေ ပါဝင်ခဲ့တာလည်း တွေ့ရပါတယ်။
အကြမ်းဖက်သမားတစ်ဦး ခြိမ်းခြောက်ပြောဆိုနေပုံတွေကိုလည်း ရိုက်ကူးထားပြီး “မိမိတို့ရဲ့ ဂျီဟက်ခရီးစဉ်ကို အဆင်ပြေအောင် အလ္လာရှင်သူမြတ်စောင်မတော်မူပါ” ဆိုပြီး ပြောကြားထားပါသေးတယ်။ လက်နက်တွေကိုင် ထားတဲ့ ကလေးငယ်တွေကို ညွှန်ပြပြီး ဘုရားသခင်စေလွှတ်လိုက်တဲ့ စစ်သည်တွေလို့လည်း ပြောထားပါ သေးတယ်။
မလေးရှားနဲ့ အင်ဒိုနီးရှား အာဏာပိုင်တွေကိုလည်း ဗီဒီယိုထဲကတစ်ဆင့် ကျွနုပ်တို့က သင်တို့နဲ့ လမ်းစဉ် မတူတော့ဘူး၊ ခင်ဗျားတို့ရဲ့ နိုင်ငံသားတွေလည်း မဟုတ်ဘူးလို့ ခြိမ်းခြောက်ပြောကြားထားပါတယ်။ အစ္စလာမ် ဘာသာရဲ့ စည်းမျဉ်းတွေကို မလိုက်နာတဲ့ နိုင်ငံ့ထိပ်ပိုင်းခေါင်းဆောင်တွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ဖို့ အဆိုပါ ဗီဒီယို ဖိုင်ထဲမှာ ထည့်သွင်းပြောကြားထားပါသေးတယ်။
Source : Asia O