တကယ့် ကင်မရာလို သုံးနိုင်မယ့် Xiaomi 13 Ultra ရဲ့ Accessory
Xiaomi က စွမ်းရည်မြင့် 13 Ultra ကို ဒီလ ၁၈ ရက်နေ့ ကြေညာတော့မှာ ဖြစ်ပြီး မကြာခင်က CEO နဲ့ တည်ထောင်သူ Lei Jun က 13 Ultra ကို Point-and-shoot ကင်မရာလို သုံးနိုင်မယ့် ဖုန်း Accessory ကို ဝီဘိုမှာ ပြသလိုက်ပါတယ်။
Xiaomi ဟာ စမတ်ဖုန်း Photography အပိုင်းကို အမြဲတမ်း တိုးတက်အောင် ပြုလုပ်နေပြီး မကြာခင်ထွက်လာမယ့် Xiaomi 13 Ultra မှာလည်း စွမ်းရည်မြင့်မားတဲ့ ကင်မရာတွေ ထည့်သွင်းထားမှာပါ။ ပေါက်ကြားသတင်းတွေအရ အဲဒီဖုန်းမှာ ၁ လက်မ Sony IMX989 Sensor (Variable Aperture) အပါအဝင် 50MP အနောက်ကင်မရာ ၄ လုံး တပ်ဆင်ထားမှာပါ။
အခုတော့ ဝီဘိုမှာ 13 Ultra ရဲ့ ကင်မရာ Grip ကို ပြသလိုက်တာ ဖြစ်ပြီး ဖုန်းကို ကင်မရာ အစစ်လို ကိုင်တွယ်ကာ အသုံးပြုနိုင်မှာပါ။ ကင်မရာ Grip မှာ Shutter Button တပ်ဆင်ထားတဲ့အတွက် ဓါတ်ပုံရိုက်ရင် ပိုမို ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ကင်မရာ Grip ဟာ ကိုင်တွယ်ရတာ သက်တောင့်သက်သာရှိစေပြီး ဓါတ်ပုံများစွာ ရိုက်ရင် အသုံးဝင်မှာ ဖြစ်ပါတယ်။
Ref : gizmochina
#Xiaomi13Ultra