မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်များနှင့် တွေ့ဆုံ

မကွေး ၊ မတ် ၂၉

မကွေးမြိုနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးတင်မျိုးဇော်နှင့် မြိုနယ်ကော်မတီဝင် ဦးညွှန့်ဝင်း ဦးဗိုလ်ဟိန်းထွန်း၊ လူငယ်ရေးရာ ခေါင်းဆောင် ဦးရဲထက်အောင်တို့သည် ရုံးကုန်းကျေးရွာ၊  ကွမ်းအုံး(တ/မ)ကျေးရွာ၊ ကူးသန်းကျေးရွာသို့ အမာခံပါတီကော်မတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံခဲ့ရာတွင် ပါတီ၏ ပြုပြင်ပြောင်းလဲနေမှု တိုင်းပါတီဥက္ကဌ၏လမ်းညွန်မှာကြားမှု ၊PRစနစ် ၊ပါတီဗဟို ၊ တိုင်း ၊ ခရိုင်၊ မြိုနယ်ပါတီ၏လုပ်ငန်းမျာဆောင်ရွက်နေမှု ၊ရက် (၉၀ )လုပ်ငန်းစီမံချက်အောင်မြင်စွာဆောင်ရွက်နိူင်ရေး၊

ပါတီ၏ရပ်တည်ချက်၊ ပါတီဝင်အင်အားစီစစ်စာရင်းပြုစု လက်မှတ်ရေးထိုးပြီး ဓာတ်ပုံ ရိုက်လုပ်ငန်းများကို ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ပါသည်။