ရွှေ့ပြောင်းဝင်ရောက်မှုကြောင့် ကနေဒါလူဦးရေ တစ်သန်းကျော်တိုးတက်လာ
ရွှေ့ပြောင်းဝင်ရောက်သူများကြောင့် ကနေဒါနိုင်ငံရဲ့လူဦးရေမှာ တစ်သန်းကျော်အထိ ပိုများလာခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အတွင်း စစ်တမ်းများအရ ကနေဒါရဲ့ စုစုပေါင်းလူဦးရေ ၃၈ သန်းခွဲကနေ ၃၉ သန်းခွဲအထိ တိုးတက်လာခဲ့ကြောင်း ၊ ဒီပမာဏဟာ လူဦးရေတိုးတက်မှု ၂ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ပြီး ၁၉၅၇ ခုနှစ်နောက်ပိုင်း တစ်နှစ်တာအတွင်း လူဦးရေအများဆုံးတိုးတက်မှုဖြစ်ခဲ့ပါတယ်။
အခုလို လူဦးရေတိုးတက်လာမှုရဲ့အဓိကအကြောင်းရင်းတစ်ခုက ပြည်တွင်း အလုပ်သမားလိုအပ်ချက်ကြောင့် ပြည်ပရွှေ့ပြောင်းဝင်ရောက်သူတွေကို တရားဝင်နေထိုင်ခွင့်ပြုလိုက်တဲ့ ကနေဒါအစိုးရရဲ့ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်။ ကနေဒါအစိုးရက ထုတ်ပြန်တဲ့စာရင်းစစ်တမ်းတွေအရ လူဦးရေတိုးတက်မှုရဲ့ ၉၆ ရာခိုင်နှုန်းဟာ ရွှေ့ပြောင်း ဝင်ရောက်သူတွေကြောင့်ဖြစ်ကြောင်း သိရပါတယ်။ -Ref: BBC