အိုဆင်မန်အတွက် နာပိုလီအသင်း ပေါင်သန်း(၁၅၀) အလိုရှိနေ

နာပိုလီအသင်းသည် ယခုရာသီတွင် ခြေစွမ်းပြနေသည့် ၎င်းတို့တိုက်စစ်မှူး အိုဆင်မန်အတွက် ပေါင်သန်း (၁၅၀)အထိ အလိုရှိနေကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သည့် မန်ချက်စတာယူနိုက်တက်နှင့် ချယ်လ်ဆီးအသင်းတို့သည် အိုဆင်မန်ကို ခေါ်ယူရန်စိတ်ဝင်စားနေပြီး လာမည့်အပြောင်းအရွှေ့ကာလတွင် ကမ်းလှမ်းဖွယ်ရှိနေသည်။

အိုဆင်မန်သည် နာပိုလီအသင်းနှင့် (၃)ရာသီမြောက်ကိုဖြတ်သန်းနေသူဖြစ်ပြီး စုစုပေါင်းပြိုင်ပွဲစုံ (၉၁)ပွဲကစားကာ (၅၃)ဂိုးသွင်းယူပေးထားသည်။

ယခု ရာသီတွင်လည်း အိုဆင်မန်၏ စွမ်းဆောင်ရည်မှာ အကောင်းဆုံးအနေအထားသို့ ရောက်ရှိနေပြီး နာပိုလီအသင်းအနေဖြင့် စီးရီးအေနှင့် ချန်ပီယံလိဂ် ပြိုင်ပွဲများတွင်လည်း ရလဒ်ကောင်းများ ရယူနိုင်ခဲ့သည်။

အိုဆင်မန်သည် နာပိုလီအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေပြီး နာပိုလီဥက္ကဋ္ဌ ဒီလော်ရန်းတစ်ကိုယ်တိုင်ကလည်း အိုဆင်မန်ကို ရောင်းရန် မဟုတ်ဟု ပြောကြားခဲ့ဖူးသည်။