အိန္ဒိယဟာ 5G ရတဲ့ အမြန်ဆုံး နိုင်ငံစာရင်းမှာ ပါဝင်လာ

5G ဟာ အလွန်လျှင်မြန်ပြီး Latency နည်းတဲ့အတွက် နိုင်ငံများစွာက 5G ရအောင်ကြိုးစားနေကြပါတယ်။ အိန္ဒိယဟာ 5G ကို အရင်ဆုံးရခဲ့တာ မဟုတ်ပေမယ့် အခုတော့ 5G ရတဲ့ အမြန်ဆုံး နိုင်ငံတွေထဲမှာ ၁ နိုင်ငံ ဖြစ်လာပါပြီ။

Ericsson Global ရဲ့ စီအီးအို Borje Ekholm က ၂၀၂၃ ခုနှစ်ကုန်မှာ အိန္ဒိယဟာ 5G နယ်ပယ်မှာ ဦးဆောင်တော့မယ်လို့ ပြောပါတယ်။ အိန္ဒိယ တစ်နိုင်ငံလုံးရဲ့ 5G ကွန်ရက် ဖြန့်ကျက်မှုဟာ အလွန် အရှိန်အဟုန်ကောင်းနေပါတယ်။

Ekholm က အိန္ဒိယမှာ အရည်အချင်းရှိတဲ့ ဆော့ဖ်ဝဲ အင်ဂျင်နီယာများစွာ ရှိတယ်လို့ ပြောပါတယ်။ ဆော့ဖ်ဝဲ အင်ဂျင်နီယာ ၂၅,၀၀၀ ရှိပြီး ဆော့ဖ်ဝဲ တိုးတက်အောင်ပြုလုပ်တာနဲ့ သုတေသနများစွာကို တိုးမြှင့်မယ်လို့ သူက ပြောပါတယ်။

5G ဝန်ဆောင်မှုကို အိန္ဒိယက Telecom Service Provider တွေက ၂၀၂၂ ခုနှစ် အောက်တိုဘာလက စတင်ကာ ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ Ekholm က အိန္ဒိယဟာ 5G ကွန်ရက် အခြေခံ အဆောက်အဦးအပိုင်းမှာ အမေရိကန်နဲ့ ဥရောပကို ယှဉ်နိုင်တယ်လို့ ပြောပါတယ်။

 

Ref : gizchina