မှတ်ပုံပြန်မတင်သည့်ဆင်းကတ်များ အထွက်ပိတ်မည်
အချက်အလက်မမှန်တဲ့ နိုင်ငံသားစိစစ်ရေးကတ်တွေနဲ့ မှတ်ပုံတင်ထားတဲ့ ဆင်းကတ်သုံးစွဲသူတွေကို ရက် ၃၀ အတွင်း အသိပေးစာတို SMS ပေးပို့သွားမှာဖြစ်ပြီး အဲဒီအသိပေးစာတိုလက်ခံရရှိပြီး ရက်ပေါင်း ၃၀ အတွင်း မှတ်ပုံပြန်မတင်တဲ့ ဆင်းကတ်တွေကို အထွက်ခေါ်ဆိုမှု၊ အထွက်စာတိုပေးပို့မှုနဲ့ ဒေတာသုံးစွဲမှုတွေ ပိတ်ပင် သွားမှာဖြစ်တယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက မတ် ၁၃ ရက်မှာထုတ်ပြန်ပါတယ်။
အဲဒီလို အထွက်ခေါ်ဆိုမှုတွေ ပိတ်ပင်ထားတဲ့အချိန်ကစပြီး ရက်ပေါင်း ၉၀ အတွင်း နိုင်ငံသားစိစစ်ရေးကတ် အချက်အလက်အမှန်နဲ့ လာရောက်ပြင်ဆင်မှတ်ပုံမတင်တဲ့ ဆင်းကတ်တွေကိုတော့ အပြီးပိတ်သိမ်းသွားမယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ဆင်းကတ်သုံးစွဲသူတွေအနေနဲ့ အသိပေးစာတို(SMS)လက်ခံရရှိရင် သက်ဆိုင်ရာမိုဘိုင်း အော်ပရေတာတွေရဲ့ အရောင်းဆိုင်တွေ၊ Applicationတွေနဲ့ နီးစပ်ရာအရောင်းဆိုင်တွေမှာ မှတ်ပုံပြန်တင်ကြဖို့ ကိုလည်း အသိပေးထုတ်ပြန်ထားပါတယ်။