ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်၊ အမျိုးသမီးရေးရာတွေ့ဆုံပွဲအခမ်းအနားသို့ တာဝန်ခံဗဟို အလုပ်အမှုဆောင်များတက်ရောက်
မတ် ၁၂၊ ကန်ကြီးထောင့်
၁၂-၃-၂၀၂၃ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင် လူငယ်၊ အမျိုးသမီးရေးရာ (၂၉၉)ဦးနှင့် တွေ့ဆုံပွဲအား ကျင်းပပြုလုပ်ရာ တာဝန်ခံ ဗဟိုအလုပ် အမှုဆောင်များ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဗဟိုလူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊ အောက်မြန်မာပြည်လူငယ်ရေးရာတာဝန်ခံ ဒေါ်သိင်္ဂီဝင်းရွှေ၊ အမျိုးသမီးရေးရာ အောက်မြန်မာပြည်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခင်ရွှေမြင့်တို့မှ သက်ဆိုင်ရာ ရေးရာကဏ္ဍများအလိုက်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီးပါတီအတွင်းရေးမှူးနှင့် လူငယ်ရေးရာတာဝန်ခံတို့မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ တွေ့ဆုံပွဲ ပြုလုပ်ရခြင်းတို့အား ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို ဆွေးနွေးတင်ပြကြရာ ဗဟိုအလုပ်အမှုဆောင်များမှ ပြန်လည်ဖြေကြားမှုများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို နေ့လည် (၃)နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါသည်။