မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းနှင့် Singapore Computer Society (SCS) တို့ ပူးပေါင်းပြီး သင်တန်းဖွင့်လှစ်မည်

13521994_10207361729421319_382944678011354225_n

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) နဲ့ စင်္ကာပူနိုင်ငံမှ Singapore Computer Society (SCS) တို့ ပူးပေါင်းပြီး CITPM (Associtate) Cerfication Exam အတွက် သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ဖို့ စီစဉ်ဆောင်ရွက် နေတယ်လို့ သိရပါတယ်။

ဒီ Intensive Training သင်တန်းကို စင်္ကာပူနိုင်ငံမှ COMT Training Service နဲ့ပူးပေါင်းပြီး August နောက်ဆုံးပတ် အတွင်းမှာ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ သင်တန်းကာလမှာ ၅ ရက်ခန့်ဖြစ်ပြီး သင်တန်းကို နေ့စဉ် နံနက် ၉း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ အဆောင်(၁၄) Kanaung Hub မှာ သင်ကြားသွားမှာပါ။ သင်တန်း တက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ MCPA ရုံးကို ဇူလိုင်လ ၁၆ ရက်နေ့ထက် နောက်မကျစေဘဲ သတင်းပေးပို့ရမှာ ဖြစ်ပါတယ်။


Leave a Reply