လူတွေကို အာရုံခံနိုင်တဲ့ 6G Sensing နည်းပညာ

Mobile World Congress (MWC) 2023 မှာ ကုမ္ပဏီတွေက ထူးခြားဆန်းသစ်တဲ့ နည်းပညာ အသစ်တွေကို ပြသနေကြပါတယ်။ အဲဒီအထဲက ၁ ခုက 6G နည်းပညာ ဖြစ်ပြီး ဒစ်ဂျစ်တယ် ကမ္ဘာကို ပြောင်းလဲဆန်းသစ်စေမှာပါ။ MWC 2023 မှာ Nokia က အာရုံခံ နည်းပညာကို 6G မှာ ဘယ်လို အသုံးပြုရမလဲဆိုတာ ပြသလိုက်ပါတယ်။

Nokia က 6G ဟာ လူ့ ခန္တာကိုယ်ကို အာရုံခံနိုင်တာကို ပြသလိုက်ပါတယ်။ ရေဒီယိုလှိုင်းတွေကို အသုံးပြုကာ 6G ဟာ လူ၊ အရာဝတ္ထုနဲ့ တိရိစ္ဆာန်တွေကို အာရုံခံနိုင်ပါတယ်။ Nokia ရဲ့ သရုပ်ပြဗီဒီယိုမှာ 6G အာရုံခံ နည်းပညာကို အသုံးပြုထားတဲ့ ဒစ်ဂျစ်တယ် စန္ဒယားဟာ လူရဲ့ တည်နေရာကို အာရုံခံနိုင်ပြီး အသံကို လိုသလို ချိန်ညှိပေးပါတယ်။ အဲဒီလို အာရုံခံနိုင်ဖို့ ကင်မရာတွေ မသုံးထားပါဘူး။

ဒုတိယ သရုပ်ပြမှုမှာ 6G အာရုံခံ နည်းပညာဟာ လမ်းသွားလမ်းလာတွေ ဘေးကင်းဖို့ အသုံးပြုနိုင်တာကို ပြသထားပါတယ်။ 6G အာရုံခံ နည်းပညာ တပ်ထားတဲ့ ကား ၁ စီးဟာ လမ်းသွားလမ်းလာနဲ့ နီးကပ်လာချိန်မှာ အလိုလို ရပ်တန့်ပေးနိုင်ပါတယ်။

အထက်ပါ သရုပ်ပြမှု ၂ ခုစလုံးဟာ 6G အာရုံခံ နည်းပညာကို အသုံးချနိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပြီး အနာဂတ်မှာ 6G နည်းပညာဟာ လူသားတွေအတွက် ပိုမို အသုံးဝင်လာမှာပါ။  Ref : gizmochina