ကနေဒါမှာ TikTok ကို ပိတ်ပင်

ဗီဒီယို အတိုတွေ မျှဝေတဲ့ နာမည်ကြီး TikTok ကို ကနေဒါ အစိုးရက ပိတ်ပင်လိုက်ပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စတင် ပိတ်ပင်လိုက်တာ ဖြစ်ပြီး အစိုးရက အကြိမ်များစွာ စဉ်းစားပြီးနောက်မှာ အခုလို ပိတ်ပင်လိုက်တာလို့ ပြောပါတယ်။

ကနေဒါ အစိုးရက အဲဒီ App ဟာ အန္တရာယ်များတယ်လို့ ပြောပါတယ်။ TikTok ကို တရုတ် ကုမ္ပဏီ ByteDance က ပိုင်တာ ဖြစ်ပြီး ByteDance ဟာ User တွေရဲ့ ဒေတာတွေကို တရုတ် အစိုးရထံ ပေးနေတယ်လို့ ကနေဒါ အစိုးရက ယုံကြည်ထားပါတယ်။ အဲဒီ အကြောင်းပြချက်ကြောင့် အမေရိကန် အပါအဝင် တချို့နိုင်ငံတွေဟာ TikTok ကို ပိတ်ပင်နေကြပါတယ်။ ByteDance ကတော့ User ဒေတာတွေကို တရုတ် အစိုးရထံ မပေးဘူးလို့ငြင်းဆိုထားပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်က စပြီး TikTok App ကို ကနေဒါ အစိုးရက ထုတ်ပေးထားတဲ့ မိုဘိုင်း ကိရိယာတွေမှာ ဖယ်ရှားရမှာ ဖြစ်ပြီး အဲဒီ ကိရိယာတွေ သုံးစွဲသူတွေဟာ TikTok ကို Download လုပ်လို့ မရတော့ပါဘူး။

လက်ရှိမှာ ကနေဒါက User အားလုံးအတွက် ပိတ်ပင်လိုက်တာ မဟုတ်ဘဲ အစိုးရနဲ့ ပတ်သက်တဲ့ မိုဘိုင်း ကိရိယာတွေမှာပဲ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး စိတ်ပူစရာတွေ ရှိလာရင် ကနေဒါက တစ်နိုင်ငံလုံးမှာ ပိတ်ပင်မှာပါ။

Ref : gizchina