ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်နှင့် ရပ်ကျေးပါတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

၇၊မတ်လ ၊၂၀၂၃ ခုနှစ်။

ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြိုနယ်ရုံးအစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာပါတီဥက္ကဌများနှင့် ပါတီကော်မတီဝင်များ စုစုပေါင်အင်အား (၄၅) ဦး တွေ့ဆုံ၍ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ၊ စည်းရုံးရေးရာကိစ္စများ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စများအား မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ(ယာယီ)ဦးထွန်းထွန်းဦးက ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက် လာသော ရေးရာတာဝန်ခံများနှင့်ရပ်ကွက်ပါတီဥက္ကဌများ၏ ဆွေးနွေးတင်ပြမှုများအား ပြန်လည် ပေါင်းစပ်ညှိနှိင်း ဆောင်ရွက်ခဲ့ကြပါသည်။