ပအိုဝ်းအမျိုးသားနေ့ဂုဏ်ပြုညစာစားပွဲသို့ ပြည်နယ်ဥက္ကဋ္ဌတက်ရောက်၍ ဂုဏ်ပြုငွေများချီးမြှင့်

တောင်ကြီး မတ် ၆

( ၆.၃.၂၀၂၃ ) ရက်နေ့ ည ( ၆:၀၀ ) နာရီ အချိန်တွင်  ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို ၊ ကံကြီးရပ်ကွက် ၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း (ဒဲဉ်သီးဗွေဟော်တန်)တွင် ကျင်းပပြုလုပ်သည့် (၇၄) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားအထိမ်းအမှတ် ညစာစားပွဲသို့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီ ဥက္ကဌ ဦးစိုင်းလုံကျော် ၊ ပြည်နယ်ခေတ္တအတွင်းရေးမှူး ဦးစိန်လေးမောင်၊ ပြည်နယ်ကော်မတီဝင်များဖြစ်ကြသည့် ဦးခွန်သိန်းမောင် ( စီးပွားရေးရာဝန်ကြီး) ၊ ဦးခွန်သူရအောင် ( တောင်ကြီး မြို့နယ်စီမံရေးရာကောင်စီ အဖွဲ့ဝင် ) ၊ ဦးစိုင်းကျော်မိုး ၊ တောင်ကြီးခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးစိုင်းတင်ထွေး ၊ တောင်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးအောင်သူရရှင်း ၊ မြို့နယ်ကော်မတီဝင် ဦးမြဦး တို့ တက်ရောက်ကြပါသည်။ ပြည်နယ်ပါတီဥက္ကဌ ဦးစိုင်းလုံကျော်မှပွဲ တော်ကျင်းပရေး ကော်မတီသို့ အလှူ ငွေ(2)သိန်း ပေးအပ်ခဲ့ပါသည်။

အဆိုပါ ညစာ စားပွဲတွင် တိုင်းရင်းသားယဉ်ကျေးမှုအက အဖွဲ့ ( ၁၀ ) ဖွဲ့ မှ ကပြဖျော်ဖြေကြပြီး ၊ တိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့ ( ၁ ) ဖွဲ့စီ အတွက် ပြည်နယ်ပါတီ ဥက္ကဌ  ဦးစိုင်းလုံကျော် မှ ဂုဏ်ပြုငွေ ( ၅၀၀၀၀ ) ကျပ် ၊ စုစုပေါင်း ဂုဏ်ပြု ငွေ ( ၅) သိန်းကျပ် ဆုချီးမြှင့်ခဲ့ပါသည်။