ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဂျပန်-မြန်မာချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ H.E. Mr. Hideo Watanabe အား လက်ခံတွေ့ဆုံ
ဖေဖော်ဝါရီ ၂၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ H.E. Mr. Hideo Watanabe အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်နေ့၊ (၁၃၃၀)နာရီအချိန်တွင် ပြည်ထောင်ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ မြန်မာနိုင်ငံရေး ဖြစ်ပေါ်မှုအခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ဂျပန်နိုင်ငံ Liberal Democratic Party (LDP) ပါတီအကြား ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်စေရေးနှင့် စပ်လျဉ်း၍လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်စိုးတို့ တက်ရောက်ခဲ့ကြပြီး ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ H.E. Mr. Hideo Watanabe နှင့်အတူ အဖွဲ့ဝင်(၂)ဦး တက်ရောက်ခဲ့ပါသည်။