ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးမှချမှတ်ခဲ့သောရှေ့လုပ်ငန်းစဉ်များထပ့်ဆင့်ရှင်းလင်း

ဟိုပန် ဖေဖော်ဝါရီ ၂၁

ရှမ်း/ မြောက်ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ဥက္ကဌ Drမျိုးထွန်း၊ ပြည်နယ် ကော်မတီဝင်(“ဝ”ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံ အုပ်ချုပ် ရေးအဖွဲ့ဥက္ကဌ) ဦးညီနပ် တို့သည် ဟိုပန်မြို့နယ် ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီ (၃)လတစ်ကြိမ် စုံညီအစည်းအဝေး (၂/၂၀၂၃)မှ ချမှတ်ခဲ့သော ရှေ့လုပ်ငန်းစဉ်များကို ထပ်ဆင့်ရှင်းလင်းခဲ့ပြီး ပြည်နယ်ဥက္ကဋ္ဌ မှ စည်းလုံးညီညွတ်မှု၊ အင်အားကြီးမားမှု၊ တိကျပြတ်သားမှု၊ သစ္စာရှိမှု အပြင် ပြည်သူလူထုယုံကြည်အားကိုးသည့် SMART party ဖြစ်အောင်ကြိုးစား ဆောင်ရွက်ရန်၊ ပြည်သူနှင့်တစ်သားတည်းရှိသည့်အသွင်သစ်ဆက်ဆံရေး တည်ထောင်ကြရန်၊ ပါတီဝင်အင်အား စီစစ်ခြင်း၊ ပါတီဝင်သစ်နှင့် ဝန်းရံတိုးမြင့်ရရှိရေး၊First Time Voterများ/ ပါတီဝင်ဟောင်းများ/မိတ်ဘက် များ/ လူငယ်/ အမျိုးသမီး/ စာပေယဉ်ကျေးမှုအသင်းများ/ လူမှုရေးအသင်းအဖွဲ့များနှင့် စဉ်ဆက်မပြတ်ထိတွေ့ ဆက်ဆံရေး၊ လုံခြုံရေးနှင့် စည်းရုံးရေး ကဏ္ဍကြီး(၈)ရပ် အောင်မြင်အောင်ဝိုင်းဝန်း ဆောင်ရွက်ကြရန် ဆွေးနွေး မှာကြားခဲ့ပြီး  ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်မှု အခြေအနေအား”ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ မှ  ပေါင်းစပ်ညှိနှိင်းဆောင်ရွက်ပေးခဲ့ပါသည်။