လူငယ်တွေ့ဆုံပွဲ ပြုလုပ်
မိုင်းပျဥ်း ဖေဖော်ဝါရီ ၂၀
၂၀/၂/၂၀၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် လူငယ်တွေ့ဆုံပွဲ ကျင်းပခဲ့ပါသည်။ တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အမျိုးသမီးရေးရာတာဝန်ခံ ပြည်နယ်ပါတီကော်မတီဝင်ဒေါ်နန်းဝိုးစိန်၊ မြို့နယ်လူငယ်ရေးရာတာဝန်ခံ ဒေါ်မေနှင်းသက် မြို့နယ်ဥက္ကဌ ဦးစိုင်းလောင်းနှင့် မြို့နယ်ပါတီကော်မတီ၀င်များနှင့် လူငယ်များ တက်ရောက်ခဲ့ကြပြီး လူငယ်များနှင့်အနာဂတ်ဘဝ၊ လူငယ်များဘဝဖွံ့ဖြိုးတိုးတက်ရေးစသည့် အကြောင်းအရာများ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်