မာဆေးတိုက်စစ်မှူး ဘတ်ချွာယီကို ယူရိုသန်း ၄၀ ဖြင့် ချယ်လ်ဆီး ခေါ်ယူ

13529257_1042970082464479_1829789727759697438_n

ဘော်ဒိုး – မာဆေးအသင်းမှ ဘယ်လ်ဂျီယံတိုက်စစ်မှူး ဘတ် ချွာယီကို ချယ်လ်ဆီးအသင်းက ငါးနှစ်စာချုပ်ဖြင့် အပြီးသတ် ခေါ်ယူလိုက်သည်။ ချယ်လ်ဆီးအသင်းက ယူရို သန်းလေးဆယ်ပေး၍ ခေါ်ယူလိုက်သည့် ဘတ်ချွာယီ သည် နည်း ပြသစ်ကွန်တီ၏ ပထမဆုံးခေါ်ယူ သည့် ကစားသမားဖြစ်လာသည်။

အီတလီနည်းပြ ကွန်တီ သည် ဂျာမနီကို ယူရို ၂၀၁၆ ကွာ တားဖိုင်နယ်တွင် ပင်နယ်တီ အ ဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ ပြီးနောက် သီတင်းတစ်ပတ် နားရက်ယူပြီး ချယ်လ်ဆီးသို့ ရောက်ရှိမည် ဖြစ်သည်။ဘတ်ချွာယီ (၂၂) နှစ်သည် ယခင်က စပါး၊ ဂျူဗင်တပ်နှင့် ၀က်စ်ဟမ်းအသင်းသို့ ပြောင်းရွှေ့မည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

၎င်းသည် ပြီးခဲ့သည့် သီတင်းပတ်က ပြင်သစ်နိုင်ငံ ဘော်ဒိုးမြို့တွင် ချယ်လ်ဆီးအသင်းအတွက် ဆေးစစ်ဆေးမှု ခံယူခဲ့ပြီး ဘယ်လ်ဂျီယံအသင်း ယူရို ၂၀၁၆ မှ ထွက်ခဲ့ရပြီးနောက် ခေတ္တအနားယူကာ ရာသီအကြို ချယ်လ်ဆီးအသင်း သို့ ရောက်ရှိမည်ဖြစ်သည်။

ဘတ်ချွာယီသည် ပြီးခဲ့ သည့် ရာသီက လီဂူးဝမ်းမှမာဆေး အသင်းအတွက် ၃၆ ပွဲကစားပြီး ၁၇ ဂိုးသွင်းယူခဲ့သည်။

‘‘ဥရောပမှာ အကြီးဆုံးအသင်းတွေထဲက တစ်သင်းဆီ ကျွန်တော်ပြောင်းခွင့်ရခဲ့လို့ ၀မ်းသာပါတယ်။ ဒီအသင်းနဲ့ ပတ်သက်လို့ ဟာဇက်နဲ့ ကော့တွိုက်စ် တို့က ကျွန်တော့်ကို ကောင်းတဲ့အကြောင်းတွေ အများကြီး ပြောပြခဲ့ပါတယ်။ ပြီးတော့ နည်းပြကွန်တီ ရောက်လာမယ်ဆိုတော့ ရင်ခုန်စရာလည်း ကောင်းပါတယ်’’ဟု ဘတ်ချွာယီက ပြောသည်။

ဘော်ဒိုးမြို့တွင် ဂျာမနီကို ရှုံးနိမ့်ပြီးနောက် အီတလီနည်းပြ ကွန်တီကနိုင်ငံတကာ အသင်းနည်းပြအဖြစ် ၂ နှစ် ကြာမြင့်ပြီးနောက် ကလပ်အသင်း နည်းပြ လုပ်ကိုင်ရန် ဆုံးဖြတ်ချက်ကို စောစောပိုင်းကပင် ချမှတ်ခဲ့သည်ဟု ပြောသည်။

ကွန်တီသည် ဂျူဗင်တပ်အသင်းကို ကိုင်တွယ်ခဲ့စဉ်က အီတလီစီးရီးအေဖလားကို သုံးနှစ်ဆက်တိုက်ရရှိခဲ့သည်။

လာမည့်ရာသီတွင် ချယ်လ်ဆီးနည်းပြသစ် ကွန်တီသည် ဘိုင်ယန်နည်းပြဟောင်း မန်စီးတီး နည်းပြသစ်ဂွါဒီယိုလာ၊ ချယ်လ်ဆီးနည်းပြဟောင်း မန်ယူနည်းပြသစ် မော်ရင်ဟိုတို့၏ အဓိက ပြိုင်ဘက်ဖြစ်လာမည်ဖြစ်သည်။

-Ref; Goal/AS


Leave a Reply