6G နည်းပညာမှာ ဦးဆောင်နေတဲ့ တရုတ်
5G ကွန်ရက်တွေ ပေါ်ပေါက်လာပြီးနောက်မှာ နောက်မျိုးဆက် 6G နည်းပညာကို စတင် ဖန်တီးနေကြပါပြီ။ လက်ရှိမှာ 5G ကွန်ရက်ကို နိုင်ငံတိုင်းမှာ အသုံးမပြုနိုင်သေးပေမယ့် 6G ကို စတင် သုတေသန ပြုလုပ်နေကြပါပြီ။ 5G လိုပဲ 6G နည်းပညာမှာ တရုတ်က ဦးဆောင်နေပါတယ်။ မတ်လ ၂၂ ရက်ကနေ ၂၄ ရက်အထိ 2023 Global 6G Technology Conference ကို တရုတ်က နန်ဂျင်းမှာ ကျင်းပမှာပါ။ အဲဒီပွဲရဲ့ Theme က “ 6G Integrating the World and Creating the Future Together” ဖြစ်ပါတယ်။
အဲဒီပွဲမှာ 6G ကွန်ရက်နဲ့ နည်းပညာ တီထွင်ဆန်းသစ်မှုတွေအကြောင်း ဆွေးနွေးကြမှာပါ။ ဒါ့အပြင် 6G သုတေသန၊ နည်းပညာ၊ စံနှုန်း သတ်မှတ်ချက်တွေအကြောင်း ပြောကြမှာဖြစ်ပြီး နိုင်ငံတကာမှာ 6G ကွန်ရက် တည်ထောင်ဖို့ ဆွေးနွေးကြမှာပါ။
ပွဲကို နိုင်ငံတကာ အဖွဲ့အစည်းတွေအား ဖိတ်ကြားမှာ ဖြစ်ပြီး အောက်ပါ အဖွဲ့အစည်းတွေ တက်ရောက်ကြမှာပါ။
- Finland’s 6G Flagship Program (6G Flagship)
- Japan’s 5G Forum (5GMF)
- Singapore’s Future Communications Program
5G ကို တရုတ်မှာ အသုံးပြုနိုင်တာ ၃ နှစ်ကျော်ကြာပြီ ဖြစ်ပြီး 5G မိုဘိုင်းဖုန်း သုံးသူ သန်း ၄၀၀ ကျော်သွားပါပြီ။ ၂၀၃၀ ခုနှစ်လောက်မှာ 6G ကို အသုံးပြုနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
Ref : gizchina