တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်လုပ်ငန်းညှိနှိင်းအစည်းအဝေးကျင်းပ

တပ်ကုန်း ဖေဖော်ဝါရီ ၁၄

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လုပ်ငန်းညှိနှိင်းအစည်းအဝေးပွဲကျင်းပခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ပါတီဗဟိုကော်မတီဝင်. တပ်ကုန်းမြို့နယ်တာဝန်ခံ.ဦးကျော်ကျော်လတ် ဥတ္တရခရိုင် ပါတီဥက္ကဌ ဦးဝင်းဘို နှင့် ဥတ္တရခရိုင်ပါတီ အတွင်းရေးမှူးဦးခင်မောင်မိုး မြို့နယ်ပါတီ နာယကကြီး ဦးစု မြို့နယ်ပါတီ ဥက္ကဌ ဦးဇော်မျိုးသိန်းနှင့် မြိုနယ်ပါတီကော်မတီဝင်များစုံညီစွာ တက်ရောက်ခဲ့ကြပြီး.. ပါတီဝင်စိစစ်ရေးပြီးစီးမှု အခြေနေများ အမာခံပါတီဝင်ရွေးချယ်သတ်မှတ်ရေးလုပ်ငန်းအတွက် နယ်မြေကွင်းဆင်း ဆောင်ရွက်ရန် နှင့် လုံခြုံရေးအခြေနေများ  မြို့နယ် ဖွဲစည်းပုံကျစ်လစ်ခိုင်မာရေးနှင့် ပါတီလုပ်ငန်းအောင်မြင်ရေး …ကိစ္စ ရပ်များ ဆွေးနွေးတိုင်ပင်ဆုံးဖြတ်ခဲ့ကြပါသည်။